Part(2)

317 51 5
                                    

မိုရာသည်အရှေ့ဘက်တွင်လူ့စ်သဲကန္တာရရှိပြီးပူပြင်း
ခြောက်သွေ့ကာနွေရာသီဆိုရေရှားပါးသည်။ထို့ကြောင့်
အစိုးရကမိုးတွင်းတစ်တွင်းလုံးစုစောင်းသိမ်ဆည်းထားသောရေများကိုခပ်ယူကာအိုးကြီးအိုငယ်များဖြင့်သယ်ဆောင်ပြီးအလှည့်ကျစနစ်သုံးကာမြို့တွင်းပြည်သူမျာအားရေဖြန့်ဝေပေးသည်။Victory ရောက်ရှိနေတဲ့ညွှန်မူး Oliverရဲ့အိမ်တော်ကြီးမှာအရမ်းကိုမှကျယ်ဝန်းပြီးကျွန်ပေါင်းမြောက်များစွာရှိသည်။ထိုကျွန်တွေကမနက်မိုးလင်းအာရုဏ်တက်မှညနေမိုးချုပ်တဲ့အထိပင်ပန်းတကြီးအလုပ်လုပ်ကြရသည်။Victory က Oliver ကိုယ်တိုင်းသေချာတယုတယသိမ်းထားတဲ့ကျွန်လေးမို့ကျွန်ခေါင်းဆောင် Jacob ကအစဘာမှသိပ်မခိုင်းရဲ ကြ။သူတို့သည်ဒီမျက်လုံးပြာပြာကောင်လေးကိုအရမ်းသဘောကျနေကြပြီး Victory လိုပဲကံကောင်းချင်လှ
သည်။ကျွန်ဖြစ်တာခြင်းတူတာတောင် ကံခြင်းမတူတော့
Victory လိုမဟုတ်ဘဲတစ်နေ့နဲ့တစ်နေ့လုပ်လိုက်ရတဲ့
အလုပ်ဆိုတာဇယ်ဆတ်သလိုဖြစ်နေပြီးနားရတယ်ဟူ၍
မရှိ။အခုလည်း Victory က ကျွန်တွေစုရုံးနေတဲ ခြံဝင်း
ထဲသို့ဝင်လာသည်။Victoryရောက်လာတုန်းကလိုနံငယ်ပိုင်းနဲ့မဟုတ်တော့။နံသာရောင်အကျီနှင့်ဘောင်းဘီကိုအပေါ်အောက်လိုက်ဖက်စွာဝတ်ဆင်ထားပြီးဆံပင်ရွှေဝါရောင်လေးများကိုစုစည်းချည်နှောင်ထားသည်။
သူ၏မျက်ဝန်းများသည်အပြာရောင်မိုးကောင်ကင်
သို့ပင်ပြာလဲ့နေတော့သည်။

"Oh..V..."
"V...ဒီကိုဘာလာလုပ်တာလဲ.."
"V..မင်းကို Oliver ကဒီကိုမလာခိုင်ဘူးမလား.."

ကျွန်အုပ်စုကတစ်ယောက်တစ်ပေါက်စီအသံထွက်လာတော့သည်။ V က အားလုံးထဲမှာမှ Jacob ရှေ့သွားလိုက်
ပြီးယဥ်ကျေးစွာခေါင်းငုံနူတ်ဆက်လိုက်သည်။

"Jacob ကျွန်တော့်ကိုအလုပ်လေးတစ်ထုခုလောက်ခိုင်း
ပါလား..နေ့တိုင်းအိပ်လိုက်စားလိုက်နဲ့ကျွန်တော်ပျင်း
လွန်းလို့သေတော့မယ်..."

Jacob လိုကျွန်ခေါင်းဆောင်တစ်ယောက်အနေနဲ့ သခင်
ဖြစ်သူ Oliver ရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိ
ရှိပြီးသား။Oliver က အထက်ပါလီမာန်တွေသူ့နေရာရ
ရေးအတွက် ကောင်စီ ဥက္ကဌ ကိုထိုကျွန်လှလှလေးအား
ထိုးကျွေးမည်ဖြစ်သည်။ဒါကြောင့်ထိုကျွန်လှလှလေးအားစျေးကြီးကြီးပေးကာဝယ်ပြီးဘယ်နေရာမှထိခိုက်
ပွန်းပဲ့မခံဘဲ ပိုးလိုဥထားခြင်းဖြစ်သည်။ဘယ်သူကအချိန်
ကြာကြာဘာမှမလုပ်ဘဲအဆီရစ်ပြီးနေနိုင်မည်နည်း။

Once Upon A Time Of  MORAWhere stories live. Discover now