မနက်မိုးလင်းနေရောင်ခြည်နဲ့အတူမိုရာတိုင်းပြည်သည်
သွားလာလူပ်ရှာသူများနှင့်အသက်ဝင်လာသည်။မိုရာ
မှာနေထိုင်သူလူတန်းစားငါးမျိုးရှိသည်။ပထမတန်းလူတန်းစားကတော့ကြီးကျယ်မြင့်မြတ်တဲ့အုပ်ချုပ်သူ
မင်းဧကရာဇ်မင်းမျိုးမင်းနွယ်တွေဖြစ်သည်။ဒီလူတန်း
စားတွေကိုကောင်းကင်သားတော်အဖြစ်သတ်မှတ်ထား
ပြီးနတ်ဘုရားတွေတစ်ဆင့်စေလွှတ်ထားတဲ့တမန်တော်
တွေလို့ တထစ်ချယုံကြည်ကြသည်။အုပ်ချုပ်သူဘုရင်
ဟာနတ်ဘုရားတွေနဲ့ပြည်သူလူထုကြား...ဗဟိုချက်မ
တစ်ခုဖြစ်ပြီးနတ်ဘုရားတွေရဲ့အသံကိုကြားနိုင်သလို
ပြည်သူလူထု၏ဆင်းရဲဒုက္ခတွေကိုနတ်ဘုရားတွေဆီ
အသနားခံတင်ပြပေးနိုင်သည်။ထို့ကြောင့်..မိုရာတိုင်းပြ
ည်လေးမှာဘုရင်ဆိုသည်ကနတ်ဘုရားပမာတန်ခိုးကြီးထွားပြီးအခွင့်ထူးခံပထမလူတန်းစားဖြစ်သည်။ဒုတိယလူတန်းစားကတော့...ပုပ်ရဟန်းမင်းကြီးနှင့်ဘုန်း
တော်ကြီးတွေပင်။သူတို့သည်လည်းဘုရင်နည်းပါးနတ်ဘုရားတွေကိုမြင်တွေ့ခွင့်အစွမ်းတွေအပြင်ဖြူစင်သောစိတ်ထားသန့်စင်သောကိုယ်ကြောင့်လူအများလေးစားအားကျမူ့ခံရသောလူတန်းစားဖြစ်သည်။ထိုမြင်မြတ်သည့်လူတန်စားတွေရဲ့အောက်တွင်တိုင်းပြည်၏ရတနာမည်ထိုက်သောကုန်သည်သူဌေးသူကြွယ်ပညာတတ်လူ
တန်းစားတွေပါဝင်သည်။ထိုလူ့အတန်းအစားသည်မို
ရာမြို့အတွက်အဓိကကျသောအခန်းဏ္ဍ က ပါဝင်ပြီး
သူဌေးသူကြွယ်တွေကတိုင်းပြည်အတွက်အခွန်ဘဏ္ဍာ
များကိုရှာဖွေပေးသလိုပညာရှိတွေကလည်းဘုရင်၏
အမူ့တော်ထမ်းရင်းတိုင်းပြည်အတွက်တစ်ဖက်တစ်လမ်း
ကပါဝင်ကူညီထမ်းဆောင်သည်။ထို့လူတန်းစားနောက်တွင်တိုင်းပြည်၏ခြေနင်းဘတ်နှင့်တူလှစွာသော
သာမာန်လက်လုပ်လက်စားများအပြင်ဆင်းရဲမွေတေသူ
တွေပါသည်။ထိုလူတန်းစားအများစုမှာလယ်ယာစိုက်
ပျိုးရေးသာမာန်မြင်းထိန်းနွားထိန်းဘဝနဲ့ပင်ဘဝကိုရုန်း
ကန်ကြရသည်။မိုရာ၏အောက်ဆုံးအဆင့်လူတန်းစား
သည်ကျွန်များသာဖြစ်ပြီးကျွန်ဈေးကွက်သည်လည်း
မိုရာတိုင်းပြည်တွင်တော်တော့်ကိုတွင်ကျယ်သည်။
ကျွန်တွေအများစုမှာအရည်အချင်းလိုက်သခင်တွေရဲ့
အသုံးချခြင်းကိုခံရပြီးဘဝဆုံးသည့်ထိကောင်းကောင်း
ဆိုးဆိုးထိုသခင်နှင့်သာပင်ကုန်ဆုံးသွားကြရသည်။သခင်
အလိုမကျလိုစွန့်ပစ်ခံရသည့်ကျွန်သည်မြို့တော်စည်း
မျဉ်းအတိုင်းအရေးယူခံရပြီးနောက်မည့်သည့်အိမ်မည်
သည့်နေရာမှာအလုပ်မရကြတော့။ထိုအစွန့်ပစ်ခံကျွန်
ဘဝနှင့်လမ်းပေါ်မှာတောင်းရမ်းစားသောက်ရင်းငတ်ကာ
ဘဝနဂုံးချုပ်ရတော့သည်။