ဂစ်တာတစ်လက်နဲ့...
တစ်ဒေါင်ဒေါင်တဒင်ဒင်ခေါက်နေတက်တဲ့...
အဲဒီကောင်လေးကိုသူမတကယ်နားမလည်နိုင်သလို....သူ့ရဲ့ဂီတသံတွေဟာလဲ.....
တကယ်ကိုသူမနဲ့သဟဇာတဖြစ်ပုံမရပါဘူး...
သူ.....သူဆိုတာ
သူမတို့လမ်းရဲ့လေလွင့်နေတဲ့လူငယ်တစ်စုထဲကတယောက်ဆိုတာအပြင်မပိုပါဘူး...သူမတို့အိမ်ရှိရာ...လမ်းထိပ်အုတ်ခုံကလေးဟာသူတို့အုပ်စုရဲ့စခန်းချရာနေရာ...
ညနက်လေလေသူတို့လူစုံလေ...
စိတ်ထင်ရာခေါက်ပြီးဂီတလို့ကြွေးကြော်တဲ့သူတို့အုပ်စုရဲ့အော်သံဟာ...
ရပ်ကွက်ထဲမှာဆူညံဆူညံပါပဲ....တချိူ့ကလူငယ်လေးတွေပျော်ရာပဲလို့သည်းခံကြတယ်...
သည်းမခံလို့ထွက်ပြောသူတွေကို ကျွတ်ဆက်ဆက်သူတို့အဖွဲ့ဟာပြန်အော်တက်သလိုရံဖန်ရံခါအရွဲ့တိုက်ပြီး..နှစ်ဆ ဆူညံပြတက်တယ်...
ရုံးကပြန်လာတိုင်းသူတို့ရှိရာအုတ်ခုံအနီးကဖြတ်ရတဲ့အချိန်တခဏဟာ...သူမအတွက်ငရဲလိုပဲ....
ဆေးလိပ်ငွေ့တွေထောင်းထောင်းထနေတက်သလို...
ခါတိုင်းထက်ပိုနောက်ကျတဲ့နေ့ဆိုအရက်နံတွေရတက်တယ်....
သမီးတို့တော့ ဒီရပ်ကွက်ကိုပြောင်းမိတာမှားပြီထင်တယ်ဖေဖေ
လို့ပြောမိတိုင်း....
ခေတ်တခေတ်ခြားသည့်ဖေဖေဟာ ပြုံး၍သာနေတက်သည်...ဖေဖေအပြုံးတွေထဲမှာ...လမ်းထိပ်အုတ်ခုံကလူငယ်တွေအပေါ်ရော...
သူမအပေါ်မှာပါအပြစ်တင်လိုစိတ်ကင်းလွန်းသည်စိတ်ကူးပေါက်သည့်တခါတော့ခေတ်တစ်ခေတ်မှာ...ဒီလိုလူငယ်တွေရှိစမြဲပဲသမီးကြီးရဲ့ ဒီအရွယ်မှာ ဒီလိုပျော်စရာရှာကြံနေတိုင်းလူဆိုးလေးတွေလို့သတ်မှတ်လို့မကြောင်းငါ့သမီးတစ်နေ့သိလာပါလိမ့်မယ်
ဖေဖေဟာတကယ်ပဲသူမထက်ကိုခေတ်ကိုအလျင်ပိုမှီပုံရသည်...သမီးနှစ်ယောက်ရှိသည့်ဖေဖေကိုထိုလူငယ်တွေကယောက္ခမကြီးလို့ခေါ်တိုင်း....
ခွေးကောင်လေး တွေနာတော့မယ်
လို့ခပ်ပြုံးပြုံးနဲ့တုံပြန်ရင်း...ပြုံးပြုံးရွှင်ရွှင်စနောက်ကြရင်းနေတက်သူပင်
လူငယ်တွေအပေါ်နားလည်သည့်လူကြီးတယောက်အဖြစ်သူမဖေဖေဟာရှိနေတက်သော်လည်း...ဘဝကိုပေါ့ပေါ့လေးဖြတ်သန်းသည့်သူတို့အပေါ်သူမကတော့နားမလည်ပေးနိုင်ပါ....
" မမ "
အကျင့်ပါနေသည့်နားတွေဟာခေါ်သံကြားတာနှင့်လှည့်ကြည့်မိတာထိုလူငယ်တွေရှိရာဆီ...
အသားဖြူဖြူ...အရပ်ပုပုနှင့်ဖြူဖြူလုံးလုံးကောင်ကလေးကသွားတွေပေါ်အောင်ရယ်နေတော့ပါးချိူင့်ကလေးတွေကထင်းနေသည်....
အရပ်ပုသည်ဆိုသော်လည်းသူမထက်မသိမသာရှည်နေသေးသည့် ကောင်းကလေးဟာ...." မ..ကိုချစ်တယ် "
သူမနောက်ကကပ်လိုက်လာရင်းခပ်ကျယ်ကျယ်ပြောတော့သူ့အဖွဲ့ဆီကသြဘာသံတွေထွက်လာလေသည်....
ပူထူသွားသည့်မျက်နှာနှင့်.....
နောက်ကလက်ခုတ်လက်ဝါးတီးသံတွေဟာအင်မတန်စက်ဆုပ်ဖွယ်ပင်ရှက်လိုက်တာ
အရှက်ကြောက်ကြီးသည့်သူမအတွက်ဒီနေရာကနေသာပျောက်ကွယ်သွားချင်မိတော့တာပါပဲ...
သူ့ထက် ၆နှစ်လောက်ကြီးတဲ့သူမကို....
၁၈နှစ်ပြည့်ကာစချာတိတ်ဟာမထီတထိမျက်နှာထားနှင့်ရီးစားစကားလိုက်ပြောလေသတဲ့....ရိသဲ့သဲ့မျက်နှာဘေးဟာအရှက်လိုက်ခွဲနေသလိုလိုခြေလှမ်းတွေကိုနဂိုထက်ပိုကျဲကာ...
ပိုမြန်လိုက်သော်လည်း....
စိတ်လုံခြုံမှု့တို့ကင်းမဲ့လိုက်လေခြင်း....
အုတ်ခုံမှာထိုင်ကျန်ခဲ့တဲ့သူ့အဖွဲ့တွေဟာသူမတို့ကိုလှမ်းကြည့်နေမှာသေချာသည်....ခြံထဲအမြန်ဝင်ပြီးခြံတံခါးပြန်ပိတ်တုန်းအခိုက်အတန့်မှာပင်...
သူမမျက်နှာတည့်တည့်စိုက်ကြည့်ရင်းပြီတီတီအကြည့်နှင့်စိုက်ကြည့်နေသေးတာ...ရိုင်းလိုက်တဲ့အကြည့်တွေ
................................................................
A/N
ဒီရက်ထဲကျမ စာမေးပွဲရှိနေလို့ တခြားရေးလက်စတွေ updateမပေးနိုင်သေးတာ sorry ပါနော်...
ဒါလေးကစာလုပ်ရင်းအတွေးပေါ်လို့လာ up ထားတာ One Shot လေးပါနော်....
လောလောဆယ်တော့အမြည်းလေးဖတ်ထားအုန်းနော်....
❤❤❤❤

YOU ARE READING
လမ်းထိပ်..အုတ်ခုံလေး(Completed)
Short Storyဂစ်တာတစ်လတ်ရယ်..... ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့..... လမ်းထိပ်...အုတ်ခုံလေး မှာညတိုင်းရှိနေတက်တဲ့ကောင်လေး.....