ရှက်တဲ့စိတ်အပြင်ဒေါသတွေပါပိုလာသည်မို့...ခါတိုင်းကကြည့်မရသည့်စိတ်အခံကြောင့်လားမပြောတက်ပါ...
ထိုကောင်လေးရော...
သူ့သူငယ်ချင်းတွေကိုပါမုန်းသည်...
အသံကြားရင်ဒေါသထွက်မိသည်....ထိုအုတ်ခုံလေးကနေဖြတ်ရမှာ သူမအတွက်.
Trauma ဖြစ်လာသည်ထိုနေရာရောက်ရင်ကြောက်သည်...စိတ်လုံခြုံမှု့နည်းပါးလာသည်...
သို့သော် သူမဖြတ်သွားရင်....လှည့်ပင်မကြည့်ကြတော့သည်မို့တော်သေးသည်....ရေပေါ်ဆီတွေမုန်းတယ်
မိဘပိုက်ဆံဖြုန်းရင်းရည်မှန်းချက်မရှိ......
တိုင်းပြည်အတွက်အသုံးမဝင်သည့်ပေပေတေတေလူငယ်တွေကိုရတာတိုင်းပြည်နာတယ်....Happy New Year........
ကျယ်ကျယ်လောင်လောင်အော်သံတွေကြောင့်သူမလန့်နိုးလာရသည်......ဒီနေ့ဟာနှစ်တနှစ်ရဲ့နောက်ဆုံးနေ့မို့နှစ်ကူးနေကြပုံပေါ်သည်တကယ်ဆိုဘာဆိုင်တာမှတိလို့...
နှစ်ကူးတာထက်အရက်သောက်ဆူညံနေသည့်ဒဏ်ကိုတညလုံးနီးပါခံစားရသည်......သေချာပေါက် ဟိုအုပ်စုထဲမှာအကြည့်ရိုင်းသည့်ကောင်လေးပါနေအုန်းမည်...
အပျော်အပါးကြိုက်လိုက်တဲ့လူသား....
အားကိုးချင်စရာဘယ်နားရှိသလဲ...လူကငယ်သလောက်တခါတရံရိုင်းသည်.....
သူမနောက်မလိုက်တော့ပေမဲ့...
အကြည့်စူးစူးတွေနဲ့စိုက်ကြည့်တက်တာသူ့အကျင့်လိုပင်ဖြစ်နေလေသည်တခါကဆိုသူမဖြတ်သွားတုန်း...
ဂိမ်းဆော့ရင်းအော်ဟစ်ဆဲဆိုနေသေးသည်
ဒီလိုအချိန်မှာဘာသာစကားတွေလေ့လာနေပါတော့လား...၁၈နှစ်ဆိုတာ ဘဝအတွက်ပြင်ဆင်သင့်သည့်အချိန်မဟုတ်လား..........................
နှစ်ဟောင်းကုန်လို့နှစ်သစ်ကူးပြောင်းသွားသော်လည်းသူမအတွက်တော့ဘာမှပြောင်းလဲခြင်းမရှိပါ..မနက်စောစောထရုံးသွားရသည်...
တနေကုန်အလုပ်တွေနဲ့ရှုပ်ရင်းတရက်ပြီးတရက်ကုန်ဆုံးရပြန်သည်..." ဒါလေးလှလား "
လုပ်ဖော်ကိုင်ဖက်အမကသူ့ဖုန်းကနေ ဓာတ်ပုံတွေပြနေသည်မို့ကြည့်မိတော့ဆင်တူအကျီလေးတွေ...
YOU ARE READING
လမ်းထိပ်..အုတ်ခုံလေး(Completed)
Short Storyဂစ်တာတစ်လတ်ရယ်..... ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့..... လမ်းထိပ်...အုတ်ခုံလေး မှာညတိုင်းရှိနေတက်တဲ့ကောင်လေး.....