ညစဥ် ည ၈ နာရီတိုင်း...
သံပုံတီးသံမိုးထိညံတက်ခဲ့ပြီ....
Social Media ပေါ်မှာ တကမ္ဘာလုံးကသိအောင် Speak Out လုပ်ခဲ့ကြသလို....သပိတ်တွေဟာလဲ....
တနေ့ထက်တနေ့အားကောင်းလာခဲ့တယ်....
Reject Milltary Coup
Respect Our Voteဆိုတဲ့ဆိုင်းပုဒ်ကလေးကိုင်ပြီး အင်တိုက်အားတိုက်သပိတ်တွေမှာသူဟာပါဝင်ခဲ့လေတော့ ဒီကလေးဘာသိလို့လဲလို့တွေးမိသေးသည်...
ကျွန်တော်တို့ပထမဆုံးအကြိမ် ကပ်ရောဂါတွေကြားကတိုးဝှေ့ပေးခဲ့ရတဲ့ မဲတွေဗျ...
သူရဲ့ခံစားချက်ကိုခပ်ဟဟပြောနေတာ သူမကြားခဲ့တော့ပထမဆုံးအကြိမ်ဒီကောင်လေးကိုစေ့စေ့ကြည့်မိတယ်...
ဒင်ဒင်ဒေါင်ဒေါင်တီးတဲ့ ဂစ်တာသံဟာ ဘာမှန်းမသိအော်သံတွေအစား....သွေးသစ္စာ သီချင်းကလေးအစားထိုးသွားခဲ့ပြီ....
လမ်းထိပ်အုတ်ခုံလေးဟာ....
ကင်းစောင့်ရာနေရာလေးဖြစ်ခဲ့ပြီ.....
" ကလေးတွေကို လက်ဖက်သုတ်လေးသွားပေးပါအုန်း "
"သမီး.. သွားပေးပေးမယ် မေမေ "
သူတို့လူငယ်တစ်စုကို...
သူမအရင်လိုမမုန်းမိတော့သလိုကြောက်ရွံတာမျိူးလဲမရှိတော့ပါအလုပ်နားရက်တိုင်း.....
သပိတ်တွေရသလောက်ပါဝင်ခဲ့ပေမဲ့....
သူတို့လောက်နေရောညရောမပါဝင်နိုင်ခဲ့တာကိုပင်ရှက်မိသေးရဲ့...
ရပ်ကွက်လုံခြုံရေးကိုယ်ထူကိုယ်ထကင်းစောင့်ကြရတော့ သူတို့အဖွဲ့ကပဲညတိုင်းလိုလိုတာဝန်ယူပေးကြသည်....
" ရော့...မင်းတို့စားဖို့ "
" ကျေးဇူးပါ မ "
စူးရှရှအသံကလေးနှင့်သူဟာအားတက်သရောဖြေရှာသည်..........သူမပြုံးပြလိုက်တော့သူ့မျက်လုံးတွေကအရောင်လက်သွားတာသတိထားမိလိုက်ရဲ့...
" မ...အခုတော့ကျွန်တော်တို့ကို မမုန်းတော့ဘူးပေါ့ "
အားတက်သရောပြောလိုက်သည်မို့သူမအားနာသွားမိသလို...
ပြုံးပြတာအပြင်ပိုမလုပ်နိုင်ခဲ့ပါဘူး....
YOU ARE READING
လမ်းထိပ်..အုတ်ခုံလေး(Completed)
Короткий рассказဂစ်တာတစ်လတ်ရယ်..... ဆေးလိပ်ငွေ့တထောင်းထောင်းနဲ့..... လမ်းထိပ်...အုတ်ခုံလေး မှာညတိုင်းရှိနေတက်တဲ့ကောင်လေး.....