Episode-4

244 52 1
                                    

Unicode

နှင်းတွေနဲ့ ပြည့်နှက်နေတဲ့နေရာကြီးမှာ အဖြူရောင်ကလွဲလို့ ဘာအရောင်မှကို မမြင်ရချေ ။ သစ်ပင်ကအစ နှင်းတွေနဲ့ ရောနေတာကြောင့် အဖြူရောင်သာမြင်ရသည် ။

သို့သော်များလည်း အပင်တွေစိုက်ရတာ ဝါသနာ ပါတဲ့ မာမာ့က အိမ်လေးထဲမှာ စားလို့ရမယ့် အပင်လေးတွေကို စိုက်လို့ထား၏ ။ အပြင်မှာ ဘယ်လောက်ပဲအေးအေး အိမ်ထဲက အပင်လေးတွေကတော့ စိမ်းစိုကာ လန်းဆန်းနေဆဲ ။

" မိုက်လိုက်တာ ... "

ဘတ်ခ်ဟျွန်း နဲ့အတူ ပါလာတဲ့ မာမာ့က သူ့ကိုပြုံးပြီးကြည့်နေသည် ။ ညနေစာ ထမင်းအတွက် လိုအပ်မယ်ထင်တဲ့ အရွက်တွေကို လာခူးတာကို ဘတ်ခ်ဟျွန်းကိုပါ တပါထဲခေါ်လာခြင်း ။

" မာမာ့ သားလည်းကူပေးမယ်လေ "

မာမာ့ဘေးနားထိုင်ပြီး အားပါးတရပြောလာတဲ့ ဘတ်ခ်ဟျွန်းကြောင့် မာမာ့က လက်ထဲ ဗန်းတစ်ဗန်း​ပေးပြီး ခရမ်းချဥ္သီးကို ခူးခိုင်းသည် ။ ဘတ်ခ်ဟျွန်းလည်း သီချင်းလေးညီးကာ သေချာလေးခူးနေလိုက်သည် ။

ချိူချိူအေးအေး အသံလေးကြောင့် မာမာ့လည်း နားထောင်နေလိုက်သည် ။

" ဘတ်ခ်ဟျွန်းလေးရဲ့ အသံက နားထောင်လို့ကောင်းလိုက်တာ ... "

" ဟာ.. မာမာ့ကလည်း "

" ဘတ်ခ်ဟျွန်း .. ရေချိူးဖို့ "

" လာပြီ "

ဆောင်းရာသီရောက်တိုင်း ရေချိူးဖို့ အိမ်က မားနဲ့ ရန်ဖြစ်နေရတာက ဘတ်ခ်ဟျွန်းရဲ့ အကျင့်ဆိုးတစ်ခုလိုပင် .. ။ အေးတယ်ဆိုတဲ့အကြောင်းပြချက်ပြပြီး သုံးလေးရက်လောက် ရေမချိူးပဲ နေတတ်တဲ့ ဘတ်ခ်ဟျွန်းနဲ့ အသန့်ကြိုက်တဲ့မား ... ။

ဒါပင်မယ့် Oymyakon ကိုရောက်ကတည်းက ဘတ်ခ်ဟျွန်း ရေချိူးမရသေးဘူးဆိုတာ မားများသိသွားရင် ဟန်းဂုနဲ့ ပြေးလာရိုက်မလားပဲ ။ ဟန်းဂုမှာတောင် ရေချိူးဖို့ မနည်းအရှိန်ယူရတာ ဒီမှာသာ ရေချိူးရင် အေးခဲသွားလောက်မယ်ထင်တယ် ။

ဒါပင်မယ့် ဘတ်ခ်ဟျွန်းရဲ့စိတ်ကူးဟာ ထပ်တူမကျခဲ့ .. ။ ဘတ်ခ်ဟျွန်းအတွက် ရေနွေးနဲ့ရောစပ်ပေးထားတဲ့ရေအပြင် အခန်းအပူချိန်ကပါ အနွေးဓာတ်လေးရှိနေတာမို့ ဘတ်ခ်ဟျွန်း ရေမြန်မြန်လောင်းချလိုက်တော့မှ စိတ်အစုံကြည်လင်သွား၏ ။

All I Want For Chirstmas is You! [ Complete ]Where stories live. Discover now