Ep-21💜

804 54 0
                                    

" ရပ်...ရပ်..ရပ်...ကားခနလောက်ရပ်ပေးပါ "

ကားထဲမှာ ထိုင်နေရင်းနဲ့ ရုတ်တရတ် အလန့်တကြား ထအော်တဲ့ ကိုယ့်ဘေးမှာ ထိုင်နေတဲ့ ကောင်လေးကို Mew လှည့်ကြည့်လိုက်တယ်

ခုလေးတင် shooting ပြီးလို့ပြန်လာတာ
အချိန်ကလဲ နောက်ကျနေပြီ

သူကိုယ်တိုင်ပင်ပန်းနေပြီဆိုပြီး ပျော့ခွေနေတဲ့ကောင်လေးက ရုတ်တရတ်အားအပြည့်နဲ့

ကားမောင်းနေတဲ့ရှေ့ခန်းက ကိုအောင်ကို ကားချက်ချင်းရပ်ခိုင်းတာမို့

Mew တို့ချက်ချင်းကားရပ်ပေးလိုက်ကြတယ်။

Mew တို့ကားရပ်တာနဲ့ချက်ချင်း ကားပေါ်က ဆင်းသွားပြီး

လမ်းဘေးပလက်ဖောင်း ပေါ်မှာ ကတ်ထူပြားတွေခင်းပြီး ကျုံ့ကျုံ့လေး ခွေအိပ်နေတဲ့

အဖိုးအို ကြီးတစ်ယောက်နား Gulf အမြန်ပြေးသွားလိုက်ပြီး

" အဖိုး အိပ်နေတာ စောင်လဲမရှိဘူး ။
မအေးဘူးလား "

ဆောင်းရာသီဝင်လာခါစဖြစ်နေတာမို့
ဆောင်းလေပြေတွေ တိုက်ခတ်စပြုနေပြီ

သိပ်တော့မအေးဘူးဆိုပေမယ့် ဒီလိုလမ်းဘေးတံတားအောက်က ပလက်ဖောင်းပေါ်မှာ

တိုက်ခတ်နေတဲ့လေတွေကတော့ အေးစိမ့်နေရောပဲ မို့ Gulf မေးလိုက်တာ

ဘာမှပြန်မဖြေတဲ့ အဖိုးကြောင့် gulf ဆက်မေးမနေတော့ပဲ

" အဖိုး ဒီပိုက်ဆံတွေနဲ့ စောင်လဲဝယ်ခြုံပြီး နွေး"ထွေး" ရှိမယ့်အဝတ်စားတွေ ဝယ်ဝတ်လိုက်နော် "

Gulf ဘောင်းဘီအိပ်ကပ်ထဲ ရှိသမျှ အကုန်
အဖိုးအို ရဲ့ လက်ထဲ ထည့်ပေးလိုက်တယ်။

Mew တို့ကတော့ ကားပေါ်ကနေ ပဲ လှမ်းကြည့်နေကြတော့တယ်။

" N' Gulf က တကယ်စိတ်ထားကောင်းတာပဲနော် Mew "

ကားရှေ့ခန်းက driver ကိုအောင်ဘေးမှာ ထိုင်နေတဲ့ Mild က စကားပြောလာတာမို့

Mew Gulf ရှိက အကြည့်ခွာလိုက်ပြီး

" Gulf က ကလေးတွေထက်တောင် ဖြူစင်ပြီး ဘယ်လောက်စိတ်ကောင်းရှိလိုက်လဲ "

CEOနှင့်fan boyကျွန်တော်💜 Where stories live. Discover now