Ep-40💜

719 45 2
                                    

Mew ညက ကိုယ့်ကြောင့် အားကုန်ပြီး ပင်ပန်းသွားရတဲ့ Gulf ရဲ့ ကိုယ်လုံးလေးကို
တင်းကြပ်နေအောင် ရင်ခွင်ထဲ ထည့်ဖက်ထားလိုက်တော့တယ်။

ဒီနေ့မနက် အလုပ်ရှိတယ်ဆိုပေမယ့် Mew Gulf နားကနေမခွာချင်ဘူးဖြစ်နေတယ်။

ဒီအတောတွင်း ကိုယ်သူ့ကို အရမ်းလွမ်းနေခဲ့ရတာ သူ့ဘေးမှာပဲ တစ်နေကုန်ရှိနေချင်တာ..

Mew ကိုယ့်လက်မောင်းပေါ် ခေါင်းအုံးပြီး ရင်ခွင်ထဲ ကလေးလေးတစ်ယောက်လို အိပ်ပျော်နေတဲ့ Gulf ရဲ့ နှဖူးလေးကို အသာလေး သူမနှိုးအောင် နမ်းလိုက်တယ်။

သူလေးညက ပင်ပန်းသွားတာမို့ အိပ်စေချင်သေးတယ် အနားယူစေချင်သေးတယ်လေ

" ခုကစပြီး ကိုယ်နောက်ထပ်အမှားတွေ ထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ်နော်Gulf..
ကိုယ် မင်းကို အမြဲယုံကြည်ပြီး သစ္စာရှိသွားပါ့မယ်။ မင်းမရှိရင် ကိုယ်လုံးဝမဖြစ်ဘူးဆိုတာလဲ ကိုယ်သိလိုက်ရတယ်။ကိုယ်လေ မင်းလေးကို အရမ်းမြတ်နိုးရတာ...... "

Gulf နိုးနေပြီဆိုပေမယ့်လဲ ပင်ပန်းနေတာမို့ ဆက်ပြီး အိပ်နေလိုက်တာ

P'Mew က ကိုယ့်နှဖူးကို နမ်းပြီးစကားတွေပြောလာတော့ Gulf ငြိမ်ပြီးနားထောင်နေလိုက်တယ်။

P'Mew ကျွန်တော့်ကို ချစ်တယ်ဆိုတာ ကျွန်တော်လဲ ယုံကြည်ပါတယ်ဗျာ....

" P'Mew အိပ်ဆေးသောက်နေတုန်းပဲလား "

Gulf တစ်ခါတုန်းကလဲ P'Mew ရဲ့ အိတ်ထဲမှာ အိပ်ဆေးဗူး တွေ့လိုက်တာမို့ P'Mild ပြောတဲ့ စကားက အမှန်ဆိုတာ သိခဲ့ရတယ်။

" ဆက်အိပ်အုံးလေ Gulf ...ဒီနေ့ schedule က ညနေမှရှိတာမလား "

" စကားလမ်းကြောင်း မလွှဲပါနဲ့ ။ ကျွန်တော်မေးတာသာ အရင်ဖြေ "

Mew ထ ပြီး ကုတင်နောက်ကို မှီထိုင်လိုက်တယ်။ မပြောပြချင်မဲ့လဲ သိချင်နေတာ သူ့ကို မပြောပြလို့ ဆိုပြီးစိတ်ဆိုးသွားမှာ
ကြောက်တယ်။

" အင်း....ကိုယ် အိပ်ဆေးသောက်မှ အိပ်ပျော်တာ ဆိုပေမယ့် ညကတော့ ကိုယ် gulf ကိုဖက်အိပ်ရလို့ ထင်ပါတယ် နှစ်နှစ်ခြိုက်ခြိုက်ပဲ "

CEOနှင့်fan boyကျွန်တော်💜 Where stories live. Discover now