(1)
[Unicode]⛄
ပေါင်နားထိဖုံးနေသောအဝါရောင်hoodieတစ်ထည်ဖြင့် ခပ်လုံးလုံးဖြစ်နေသောအဝါလုံးလေးသည် တစ်အိမ်လုံးကိုမွှေနှောက်ကာပြေးလွှားလို့နေ၏။ သိပ်မကြာ....ထိုအဝါလုံးလေးသည်အိမ်ရှေ့သို့ထွက်ကာတစ်စုံတစ်ယောက်အားစောင့်ဆိုင်းနေပြန်သည်။
အိမ်ရှေ့နားတွင် ဂျောင်ဂု ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်မှာဘယ်နှစ်ကြိမ်မြောက်မှန်းပင်မသိတော့။ မြေပြင်ပေါ်စုံရပ်ကာထားတဲ့ခြေထောက်နှစ်ချောင်းကညောင်းဖို့မေ့နေသလို မျှော်ရလွန်း၍လည်ပင်းရှည်ထွက်လာလျှင်တောင်ဂရုမစိုက်အားဖြစ်လို့နေသည်အထိ သူ့ရဲ့စိတ်တွေဟာမူမမှန်တော့ပါ။
မိနစ်အနည်းငယ်ကြာပြီးသည့်အခါ ချစ်လှစွာသောဒယ်ဒီ့ရဲ့ကားလေးဟာအိမ်ရှေ့၌ရပ်ဆိုင်းလာသည်နှင့် အလိုက်သိသောခြေအစုံတို့က ထိုကားနားသို့အပြေးရောက်နှင့်ပြီးသားဖြစ်သည်။
ကားထဲမှဦးစွာထွက်လာသောဒယ်ဒီ့ကိုသတိမထားနိုင် အခု...သူ့စိတ်တွေအရမ်းလှုပ်ရှားနေတာပဲသိသည်။
တဒုတ်ဒုတ်ဖြင့်တစ်ချက်ပြီးတစ်ချက်စည်းချက်မှန်စွာခုန်နှုန်းမြန်နေသောနှလုံးသားတစ်စုံသည် စောင့်မျှော်နေခဲ့ရသည့်တစ်စုံတစ်ဦးအား လွမ်းဆွတ်လွန်းမိ၍လား။"ကူးငယ် တို့ကတော့ ချက်ချင်းလက်ငင်း ဖအေကိုတောင်ဂရုမစိုက်တော့ဘူး ကြည့်ဦး ထယ်ဟျောင်းရေ...."
သူ၏ဖခင်ဖြစ်သူစကားအား သဘောကျဟန်ဖြင့် ခပ်ဩသြအသံပိုင်ရှင်ကရယ်မောလို့နေသည်။ အထုပ်များအားဆွဲကာကိုင်ရင်း ကားထဲမှထွက်လာသောအမျိုးသားမှာ အရပ်အမောင်းအားဖြင့်သူ့ထက်ခေါင်းတစ်လုံးစာ သာသောအနေအထားတွင်ရှိ၏။
"ဦးငယ်!!"
သူ့အားနင့်နေအောင်အပြေးဖက်သောထိုကလေးကြောင့် လက်ထဲရှိအထုပ်ကြီးငယ်တို့အားလွှတ်ချ၍သာ အလိုက်သင့်ပြန်ဖက်ကာထွေးပွေ့ရပြန်သည်။
"ကူး ကအရမ်းလွမ်းနေတာဗျ"
"ဦးငယ်ကလည်း ကူးလေးကိုလွမ်းနေတာပါဗျာ"
ထွေးပွေးထားသည့်ရင်ခွင်မှပြန်လည်ထွက်ခွာသောထိုကလေးသည် ငယ်မူလေးများကမပြောင်းလဲစွာဖြင့်သူ၏လက်သန်းလေးအားလှမ်း၍ဆုပ်ကိုင်ရင်း အချွဲပို၏။

YOU ARE READING
[Collection Of TAEKOOK Short Stories]
Short Story[Collection of Taekook short stories♡]