"အင့်...ကိုယ့်အချစ်သိပ်ကြိုက်တဲ့နှင်းဆီပန်းတွေ"
နှင်းဆီပန်းစည်းငယ်အား ဂျောင်ဂုလက်ထဲကိုအတင်းထိုးထည့်ပြီးပြုံးပြနေသည့် အစ်ကို့ကို ထိုနေ့ကသူသိပ်မုန်းနေခဲ့သည်မို့ ဘာစကားမှမဆိုဖြစ်။
"...."
"ကိုယ် နှင်းဆီဆယ့်ငါးပွင့်တိတိ၀ယ်လာခဲ့တာ အချစ်ရဲ့...နှင်းဆီဆယ့်ငါးပွင့်ရဲ့အဓိပ္ပာယ်က တောင်းပန်ခြင်းကိုကိုယ်စားပြုတယ်လို့ကိုယ်ဖတ်ဖူးတယ်...ဒါကြောင့်မို့ ကိုယ်ကဒီနှင်းဆီတွေနဲ့တောင်းပန်မယ်လေ...မရဘူးလားကွာ"
ဂျောင်ဂု ဘာစကားမှမဆိုဘဲ ထိုသူပေးထားသည့်နှင်းဆီဆယ့်ငါးပွင့်နှင့်အလှဆင်ထားသည့်ပန်းစည်းအား ကြမ်းပြင်ပေါ်သို့လွှင့်ပစ်ချလိုက်တော့ စူးရှရှမျက်၀န်းငယ်တစ်စုံက အံ့အားသင့်စွာ သူ့အားငေးကြည့်လို့နေခဲ့သည်။
"ကျွန်တော့်အတွက်ဘာမှလုပ်ပေးစရာမလိုတော့ပါဘူး"
ထိုသူက ကြမ်းပြင်ပေါ်၌ပျံ့ကျဲသွားသည့် နှင်းဆီပွင့်ဖတ်များကြားမှ ထိုပန်းစည်းကိုပြန်ကာကောက်ယူပြီး ဘေးနားရှိစားပွဲပေါ်တွင် အသာအယာပင်တင်ထားလိုက်၏။
"ကျွန်တော်တို့လမ်းခွဲရအောင်!!"
သူ့ဘက်ကဒီစကားကိုဆိုမိတော့ အစ်ကိုဟာအံ့အားသင့်သွားပုံရပေမယ့် ဘာစကားတစ်ခွန်းမှမဆိုပဲ တိတ်ဆိတ်လို့နေ၏။
အသက်အရွယ်ကြီးသူပီပီ အရာရာကိုစိတ်အေးအေးထားပြီးဖြေရှင်းတတ်သည့်အစ်ကိုက ယခုလို လမ်းခွဲခြင်းဟူသည့်ပြတ်ဆဲမှုတစ်ခုကိုလည်း တုန်လှုပ်မနေခဲ့ပေ။
"ဂျောင်ဂု...ကိုယ်အခုတောင်းပန်နေပြီလေကွာ...မင်းကိုယ့်ကိုစိတ်ဆိုးနေတာ ကိုယ်သိပါတယ်...ဒီပြဿနာကို ကိုယ်တို့စိတ်အေးအေးထားပြီးဖြေရှင်းကြမယ်လေ နော်! ဟုတ်ပြီလား! "
မျိုသိပ်ထားသည့်ခံစားချက်တို့က ရုတ်တရက်ပွင့်အန်ကျလာပြီးနောက် စိတ်နှလုံးကပါ နာကျင်၀မ်းနည်းလာရသည်။ ချစ်ရတဲ့သူကို ဘယ်သူကလက်လွှတ်ချင်မှာလဲ...ဒါပေမဲ့ သူပင်ပန်းလွန်းလှပြီ။ အရာအားလုံးကို ဒီနေရာမှာပဲရပ်တန့်လိုက်ချင်ပြီ။
ESTÁS LEYENDO
[Collection Of TAEKOOK Short Stories]
Historia Corta[Collection of Taekook short stories♡]