သခင်မဘေးအတွက်တော့ သူမ နှစ်ပေါင်းများစွာ သိမ်းထားတဲ့
ဒေါသတွေ ပြန်ပေါ်လာ သလိုပဲ
သခင်မဘေး တံခါးကို တချက်ကြည့်လိုက်ပီး
ကလေးမလေးဘက် ပြန်လှည့်ကာ
"မိုးရွာနေတယ်လေ ဒီမှာ ဘာလုပ်နေတာလဲ"
ကလေးမလေးက ပြုံးပီး
"မေမေက အလုပ်လုပ်နေတာ အံတီက ဘယ်သူလဲ"အလုပ်လုပ်နေတာ တဲ့လား
သခင်မဘေး တချက် မဲ့ပြုံး ပြုံးလိုက်တယ်မြို့ဆင်ခြေဖုံးက လှပတဲ့ ကလေး ကင်မလီရာ
တလက်လက်တောက်ပနေတဲ့ ကြယ်ပွင့်လေး
ဒီကလေးမလေးကို ဒီကလူတွေခေါ်ကြတာသခင်မဘေး ကြားထားတာ
သိပ်လှတဲ့ မိန်းမတယောက်
ဒီဆင်ခြေဖုံးကိုရောက်လာပီး
ဒီလို မိုးတွေရွာတဲ့နေ့မှာ ဒီကလေးမလေးကို မွေးခဲ့တာဆိုပဲ
ဘာပြောပြော ၁၂နှစ်တောင် ကြာသွားပီလေ"နင်က လီရာ မို့လား"
ကလေးမလေးက သခင်မဘေး မေးတာကို
ခေါင်းငြိမ့်ဖြေလိုက်ပီးတော့
"ငါ့ကို သိတာလား"
"သိတာပေါ့ နင့်အမေ အရမ်းနေမကောင်းဖြစ်နေတာ
အဲဒါကြောင့် ငါဒီလာရတာ"ကလေးမလေးက မျက်လုံးတွေ ပြူးသွားပီး
"မေမေ မေမေက နေမကောင်းဖြစ်နေတာလား"
ကလေးမလေး က အိမ်ဘက်ကို လှည့်ပြေးမလို့
လုပ်နေချိန်မှာ သက်တော်စောင့်က လှမ်းဖမ်းထားလိုက်တယ်
သခင်မဘေးက သက်တော်စောင့်ကို
"သွားကြစို့ ငါဒီနေရာမှာ ကြာကြာမနေချင်ဘူး""ကလေး ထတော့"
တယောက်ယောက်က သူမကို လှုပ်နှိုးနေတာ
"အားးးးးး"
လီရာ ကြောက်လန့်တကြားနဲ့ ထလိုက်တယ်
သူမ ဘယ်ရောက်နေတာလဲ
"ငါ နတ်ပြည်များ ရောက်နေတာလား"သူမကို လှုပ်နှိုးတဲ့ အမျိုးသမီးက
" ကလေး ဗိုက်စာနေရောပေါ့ ရေမချိုးခင် တခုခု စားဖို့ လုပ်ပေးမယ်နော်"လီရာက သူမရှေ့က စွပ်ပြုတ်ကို ကြည့်ပီး
မစားနိုင်သေးပဲ တွေဝေနေတယ်
" ဘာလို့ မစားတာလဲ ကလေး ဗိုက်မစာလို့လား"
"မဒမ် ဒါ ဘယ်နေရာလဲဟင်
မေမေကော ဘယ်မှာလဲ"
အမျိုးသမီး ဘာဖြေရမလဲ မသိဖြစ်နေချိန်
အခန်းတံခါးဝက အသံ တခု ကြားလိုက်တယ်"ကမလီရာ"
ကောင်လေးတယောက် ရွှေအိုရောင်ဆံပင်တွေ
ကျောက်စိမ်းရောင် မျက်လုံးတွေနဲ့
ကောင်လေးတယောက်