အေးချမ်းရာ နယ်ပယ်လေး

36 2 0
                                    

တစ်ယောက်နဲ့တစ်ယောက် ခင်မင်မှုဟာ
အမြဲတမ်း စကားပြောနေမှမဟုတ်ဘူး
ရင်ထဲ အမြဲရှိနေမှလည်း မဟုတ်ဘူး...

အဆင်မပြေချိန်တိုင်း ခွန်အားဖြစ်စေပြီး ပြုံးရယ်စေတာမျိုး
လိုအပ်နေချိန်တိုင်း ငါရှိတယ်ဆိုပြီး အားပေးစကားမျိုး
ယုံကြည်မှု နားလည်မှုတွေနဲ့ သံယောဇဥ်တွေ...

တစ်စုံတစ်ခုကိုတွေ့မြင်လိုက်တာနဲ့
ဒါဟာ သူနှစ်သက်တဲ့အရာ သူတော့ကြိုက်မှာပဲဆိုပြီး
တစ်စုံတစ်ယောက်ကို လှမ်းပြီးသတိရတာမျိုး ပေါ့...

တချို့စာအုပ်လေးတွေ မြင်လိုက်တာနဲ့ သူကြိုက်တဲ့စာအုပ်ပဲ
ဆိုပြီးတော့ တွေးမိတယ်...အဝါရောင်တွေမြင်လိုက်တာနဲ့
သူမြတ်နိုးတဲ့အရာတွေပဲ လို့ မှတ်မှတ်ရရရှိတယ်...
ပန်းချီပစ္စည်း ကံစမ်းမဲပိုစ့်တွေတက်တိုင်းလည်း သူ့မျက်နှာလေး ပြေးမြင်မိသလိုမျိုး ပေါ့...

တစ်နေ့နေ့တစ်ချိန်ချိန်မှာတော့...စိတ်ထဲကရေရွတ်တိုင်း
လက်ထဲဆုပ်မိတဲ့အရာတွေ ဖြစ်နေချင်တယ်...
သံယောဇဥ်လေးတွေ...အေးချမ်းရာ မေတ္တာနယ်ပယ်လေး
အမြဲတမ်း အဲ့ဒီလက်ကလေးတွေ တွဲထားချင်တယ်...

#ကေသရီ

#soulmate
#mylove

တစ္ေယာက္နဲ႕တစ္ေယာက္ ခင္မင္မႈဟာ
အၿမဲတမ္း စကားေျပာေနမွမဟုတ္ဘူး
ရင္ထဲ အၿမဲရွိေနမွလည္း မဟုတ္ဘူး...

အဆင္မေျပခ်ိန္တိုင္း ခြန္အားျဖစ္ေစၿပီး ၿပဳံးရယ္ေစတာမ်ိဳး
လိုအပ္ေနခ်ိန္တိုင္း ငါရွိတယ္ဆိုၿပီး အားေပးစကားမ်ိဳး
ယုံၾကည္မႈ နားလည္မႈေတြနဲ႕ သံေယာဇဥ္ေတြ...

တစ္စုံတစ္ခုကိုေတြ႕ျမင္လိုက္တာနဲ႕
ဒါဟာ သူႏွစ္သက္တဲ့အရာ သူေတာ့ႀကိဳက္မွာပဲဆိုၿပီး
တစ္စုံတစ္ေယာက္ကို လွမ္းၿပီးသတိရတာမ်ိဳး ေပါ့...

တခ်ိဳ႕စာအုပ္ေလးေတြ ျမင္လိုက္တာနဲ႕ သူႀကိဳက္တဲ့စာအုပ္ပဲ
ဆိုၿပီးေတာ့ ေတြးမိတယ္...အဝါေရာင္ေတြျမင္လိုက္တာနဲ႕
သူျမတ္နိုးတဲ့အရာေတြပဲ လို႔ မွတ္မွတ္ရရရွိတယ္...
ပန္းခ်ီပစၥည္း ကံစမ္းမဲပိုစ့္ေတြတက္တိုင္းလည္း သူ႕မ်က္ႏွာေလး ေျပးျမင္မိသလိုမ်ိဳး ေပါ့...

တစ္ေန႕ေန႕တစ္ခ်ိန္ခ်ိန္မွာေတာ့...စိတ္ထဲကေရ႐ြတ္တိုင္း
လက္ထဲဆုပ္မိတဲ့အရာေတြ ျဖစ္ေနခ်င္တယ္...
သံေယာဇဥ္ေလးေတြ...ေအးခ်မ္းရာ ေမတၱာနယ္ပယ္ေလး
အၿမဲတမ္း အဲ့ဒီလက္ကေလးေတြ တြဲထားခ်င္တယ္...

#ေကသရီ

#ေကသရီ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Soulmate Where stories live. Discover now