အစည်းအဝေးက နောက်ကျမှ ပြီးတယ်။ ဒီနေ့အစည်းအဝေးက သူ ဦးဆောင်ရတာဖြစ်တယ်။ ဖုန်းက ရုတ်တရက်ကြီး မြည်လာတယ်။ အဲ့အချိန်တုန်းက သူ့မျက်နှာပေါ်မှာ အနည်းငယ် ရှက်ရွံသွားတာကို မြင်နေရတယ်။ သူ ဖုန်း screen ကို တချက်ကြည့်ပြီး လက်လှမ်းယူလို့ ပိတ်ချပစ်လိုက်တော့တယ်။
နံရံပေါ်က နာရီကို မော့ကြည့်လိုက်တယ်။ သူ့မွေးနေ့ရောက်ဖို့ ၂ နာရီပဲ လိုတော့တယ်။ နောက်ပိုင်းစကားတွေကို သူ မကြားတော့ဘူး။ သူ့ဘေးကလူက သူ့ကို လှမ်းတို့တော့မှ သတိပြန်ဝင်လာပြီး ခေါင်းညိတ်ပြလိုက်တယ်။ သူ အချိန်ပို လုပ်နေရတာ အရမ်းကို ကြာခဲ့ပြီ။ နောက်ကျမှ ပြန်ရတဲ့အချိန်တွေ ဘယ်နှစ်ရက်တောင် ရှိပြီလဲ မမှတ်မိတော့ဘူး။ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ မရှိဘူး။ ရာထူးတက်မယ့်နေရာက တနေရာပဲရှိတာမို့ လူအများကြီးဟာ အဲ့နေရာအတွက် တန်းစီနေကြတယ်။
သူ ကျန်တဲ့လူတွေကို အရင်ပြန်ခိုင်းလိုက်တယ်။ ပြီးတာနဲ့ အစည်းအဝေးခန်းထဲမှာ ခဏထိုင်တယ်။
ဖုန်းက အခုထိ ပိတ်ထားတုန်းပဲ။ ဖုန်းဖွင့်လိုက်တဲ့အခါ ဝမ်ရိပေါ်က သူ့ကို ရဲစခန်းရှေ့မှာ စောင့်နေမယ်လို့ စာပို့ထားတယ်။
ဝမ်ရိပေါ် ရဲစခန်းရှေ့မှာ စောင့်နေမယ်လို့ နောက်ဆုံးပြောခဲ့တာဟာ လွန်ခဲ့သော ၇ နှစ်က ချစ်သူများနေ့မှာ ဖြစ်တယ်။ အဲ့တုန်းက ဝမ်ရိပေါ် ပြောခဲ့တယ်။ သူ တနေရာကို ခရီးထွက်ရမှာမို့ အဲ့ကာလ အိမ်မှာ မရှိဘူးဆိုတဲ့အကြောင်းဖြစ်တယ်။
သူ အဝတ်လဲပြီးတာနဲ့ စခန်းရှေ့ကို လျှောက်သွားလိုက်တယ်။ ဝမ်ရိပေါ် ဘာတွေ မော့ကြည့်နေတယ်ဆိုတာ သူ မသိဘူး။ ကောင်းကင်ဟာ တိမ်ညိုတွေ ထူထပ်နေတာမို့ ကြယ်ရော၊ လရော ဘာတခုမှ မမြင်ရဘူး။
"မင်း ဘာလို့ စောင့်နေသေးတာလဲ?"
"ခင်ဗျား ဖုန်းပြန်မခေါ်သေးသရွေ့ ကျနော် စောင့်နေမှာ"
"အဲ့ဒါဖြင့် မင်း ငါ မလာတာသိနေလည်း စောင့်နေမှာပဲလား"
ရှောင်းကျန့်က သူ့လက်ကို အိတ်ကပ်ထဲထည့်ရင်း ဝမ်ရိပေါ်ကို ပြောလိုက်တာဖြစ်တယ်။
YOU ARE READING
Rose ||Completed||