Part.1

156 2 0
                                    

ဆည်းဆာအောက်က
အပျော်ဆုံးလူသားနှစ်ယောက်👨‍👦
⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛⚛

ကျွန်တော် ဒီဒိုင်ရာရီကို ရေးနေတဲ့အချိန် အရမ်းစိတ်လှုပ်ရှားနေမိတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်က ဒိုင်ရာရီရေးလေ့ မရှိတဲ့လူမျိုးပါ။ဒါပင်မယ့် ကျွန်တော်သူနဲ့ တွေ့ပြီးတဲ့နောက်ပိုင်း အရာရာပြောင်းလဲခဲ့ပါတယ်။မနက်စာ မစားတတ်တဲ့ကျွန်တော် အခုဆိုမနက်စားတတ်နေပြီး၊ခြောက်သွေ့နေတဲ့ ကျွန်တော့်အခန်းလေးဟာ ဆိုရင်လည်းအခု သူသြဘာအသံလေးတွေကြောင့် စိုပြေနေပါပြီ။သူဟာ အရမ်းသဘောထားကြီးတယ်။သူက အလုပ်ချိန်၊အပြင်လည်ချိန်၊စားချိန်ဆို လူကြီးလူကောင်းဆန်ပြီး ညဆိုကလေးဆန်သွားတဲ့ ကလေးလူကြီးလေး ဖြစ်နေပြန်တယ်။ဒီစာရေးနေတဲ့ အချိန်မှာတောင်သူက ကျွန်တော့်ခါးနှစ်ဖက်ကို တွဲဖက်ပြီး ဂုတ်သားလေးကို ကိုက်နေတယ်။ဟော..ကျွန်တော် ဒီလိုရေးလို့ဆိုပြီး သူ့လက်ကြီးကြီးနှင့် ကျွန်တော့်ကိုတင်းနေအောင်ဖက်ပြီး ပါးပြင်ကိုပါ ကိုက်နေတယ်။ကျွန်တော်ရုန်းမရဘူး။သူ့ရဲ့ညှို့ငင်စက်ကွင်းထဲမှာ ရပ်နေမိတယ်။

"ဟာ စောလွန်သွားပြီ ကိုယ့်ကို ဒါသတ်သတ်ညစ်တာ။ရုန်းမရဘူးလို့ဆိုပြီး စာကျတော့ ရေးနေတယ်ပေါ့''

"ညစ်တာက အကိုနော် စောမဟုတ်ဘူး
စောစာရေးနေပါတယ်ဆိုတာကို အသားယူပြီးလာဖက်လိုက် နမ်းလိုက်နဲ့ဒါတောင် ကိုက်တာက အစစ်ပါသေးတယ်''

"ဟာ စော...
ကိုယ်က စောစာရေးနေတာ အသဲယားဖို့
မဟုတ်ဘူး မဟုတ်ဘူး စော စာသားတွေက အသဲယားဖို့ ကောင်းလို့ စောကိုနမ်းတာလေ''

"အကို့ ဒါတော့ လုံးဝမတရားဘူး''

"မတရားတော့ အိုကေ တွေ့မယ် ကိုယ့်ကို ခံပြောချေပနေတဲ့မင်းလေးရဲ့ သတ္တိတွေကို အရည်ပျော်အောင် လုပ်ပေးမယ်''

"အား.. မလုပ်ပါနဲ့ တကယ်ပြောတာ
နော်.. နောက်ခါ မပြောတော့ပါဘူး မရေးတော့ဘူး
နော်..နော်လို့''

"ဆော်ရီးပါ ဘေဘီ ''

စောမှာ ကိုမင်းရေးနောင်ရဲ့ အားကြီးတဲ့ ပွေ့ချီမှုကြောင့် ထိုင်ခုံမှ အသာအယာလေ ပါသွားလေသည်။ပြီးနောက် စာကြည့်အခန်းမှ ထွက်လာပြီးအိပ်ခန်းသို့ ချီသွားလေ၏။စောမှာ ရုန်းသော်လည်းမရ။ထို့နောက် အိပ်ခန်းတံခါးကိုဂျိန်းခနဲ ပိတ်လိုက်ကာ စောကိုမွှေ့ယာပေါ် ပစ်တင်လိုက်သည်။စောသည် မွှေ့ယာပေါ်ရောက်သွားသည်နှင့် တွေရာစောင်ကို အမြန်ခြုံလိုက်သည်။ကိုမင်းရေးနောင်ကလည်း ကုတင်ပေါ်မတက်မီ လက်ဆစ်တွေ ဇက်တွေကို အသံကျယ်ကျယ်မြည်အောင် ချိုးလိုက်သည်။ပြီးနောက် ကုတင်ပေါ်ပြေးတက်ပြီး စောခြုံထားတဲ့ စောင်ကို အားကြီးနဲ့ဖယ်လေ၏။ချက်ချင်းဆိုသလို စောင်ဟာအောက်ကိုတန်းရောက်သွားသည်။စောရဲ့ အပေါ်တည့်တည့်မှာ ကိုမင်းရေးနောင်က အောင်နိုင်သူကြီးအပြုံးနှင့်။စောသည် တစ်ကိုယ်လုံးကို ကျုံ့နေအောင် ကွေးထားမိသည်။

မုသားဓားနှင့် ရက်စက်သောသွေးစက်များWhere stories live. Discover now