Part 5

52 3 0
                                    

လှည့်ဖြားရက်သော ကိုယ်စောင့်နတ်

''မင်း ဒါဘာလုပ်တာလဲ ''

မင်းရေးသည် ရွှန်းရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်လှုပ်ကာမေးလိုက်သည်။ရွှန်းကလည်းခပ်ရွဲ့ရွဲ့။

''ပေါက်ခွဲပစ်လိုက်တာလေ မမြင်ဘူးလား''

''မင်း...''

မင်းရေးသည် မိန်းမသားမို့ညှာတာလိုက်သည်။ယောက်ျားသားသာဆိုရင် စိတ်ရှိတိုင်းထိုးမိလောက်သည်။မင်းရေးနဖူးပြင်၌ ဒေါသကြောအတောင့်လိုက်သည် အတိုင်းသားပေါ်လွင်နေ၏။ရွှန်းသည် မင်းရေးဒေါသထွက်နေမှန်းသိသော်လည်း ဂရုမစိုက်။မင်းရေးကိုစိတ်ဆိုးချင်သည်။

သူ့ဘဝတစ်လုံးပုံပေးထားတာတောင် မင်းရေးကအာသာမပြေ၊မလုံလောက်နိုင်သေး။သူမဟုတ်တဲ့နောက်ထပ်အမျိုးသမီးနဲ့ခိုးပြေဖို့တောင် စီစဥ်နေလိုက်သေးသည်။ဒါသည် ပေးဆပ်ထားတာနဲ့မတန်တော့သည့်အပြင် နောက်ကျောကိုဓားနှင့်ထိုးသလိုပါ ခံစားရသည်။ရွှန်းဝဋ်လည်သည်လို့လည်း မတွေးရဲ။
သူများပိုင်ရှင်ရှိချစ်သူကို လုယူပြီးကိုယ့်ဆီက ပြန်ပါရမှာကိုတော့ သေလောက်အောင်ရွှန်းကြောက်နေမိသည်။

''ရွှန်း ရှင့်ကိုစိတ်ဆိုးလို့''

ဖွာကျနေတဲ့ဆံပင်ကို လက်နှင့်သပ်ရင်းမင်းရေးကို ဖြေရှင်းချက်ပေးသည်။ဖုန်းပေါက်ကွဲပစ်တာ ရွှန်းကိုယ်ရွှန်း မှန်သည်ဟုထင်သည်။ရွှန်းရဲ့လိုတရယောက်ျားကို ရွှန်းအပြည့်အဝကာကွယ်လိုက်သည်ဟု ရွှန်းထင်မိနေသော်လည်း ပြသနာကမပြီးသေး။ဖုန်းထဲက မက်ဆေ့ပိုင်ရှင်မိန်းမနဲ့ ရွှန်းထိပ်တိုက်ရှင်းပစ်ချင်သည်။

''ဒါနဲ့နေစမ်းပါဦး ရှင်က ရွှန်းနဲ့အိပ်ပြီးတာတောင် ဘယ်ကောင်မနဲ့ ခိုးပြေးဖို့ကို စီစဥ်နေရတာလည်း။ကို့ကို့ရဲ့ကလေးဆိုတာက ဘယ်ကဟာမလဲ''

''ဟ နေစမ်းပါဦး ငါမင်းနဲ့အိပ်ခဲ့ရတယ်ဆိုတာ ငါ့ဆန္ဒနဲ့ငါ အိပ်ခဲ့တာလား။ပြီးတော့
ငါ့ဘာသာငါ ဘယ်ကောင်မနဲ့ခိုးခိုး မင်းနဲ့ဘာဆိုင်လဲ''

ရွှန်းသည် မင်းရေးစကားကြောင့်မျက်နှာပျက်သွားသည်။လည်တိုင်ကို လက်ဖြင့်ပွတ်သပ်ရင်း မျက်နှာထားပြန်ချီနေရသည်။

မုသားဓားနှင့် ရက်စက်သောသွေးစက်များWhere stories live. Discover now