Branded!
အဆင့်မြင့်ကြယ်ငါးပွင့်ရ စားသောက်ဆိုင်တစ်ခုက VVIP roomမှာ တစ်မိုးအောက်က ဝမ်သခင်လေး ဝမ်ရိပေါ်ဟာ အကျအနနေရာယူထားတယ် ။
တစ်ကိုယ်လုံးကို branded တွေချည်း ခြယ်လှယ်ထားတဲ့ ဝမ်သခင်လေးက Helen Kellerကနေ နောက်ဆုံးထွက်တဲ့ အနက်ရောင် eye glasses ကြီးကိုလည်း မချွတ်ထားပါဘူး ။ မနေ့ကမှ ဝယ်ထားတဲ့ အသစ်မို့လို့ ။
လက်မှာပတ်ထားတဲ့ brand new နာရီကြီးကိုတစ်ချက်ငုံ့ကြည့်ရင်း ဝမ်သခင်လေးရဲ့ မျက်ခုံးများက တွန့်ချိုးပါတယ် ။ အချိန်မတိကျတဲ့ လူတွေဆို ဝမ်သခင်လေးတို့သိပ်သိပ်မုန်းပဲ ။
ကြင်ဖက်လာတွေ့တဲ့ ဝမ်သခင်လေးဟာ စိတ်အလိုမကျမှုကြောင့် နှုတ်ခမ်းချွန်လေးက ပွစိပွစိရွတ်စပြုနေတယ် ။
Wang Groupရဲ့ တစ်ဦးတည်းသောသား ဝမ်ရိပေါ်က ရုပ်လေးချောသလောက် ဇီဇာကတော့ အင်မတန်ကြောင်တတ်သူဖြစ်တယ် ။ ဝမ်သခင်လေး အနားကပ်လာတဲ့ လူများအားလုံးက သူ့ရဲ့ ဇီဇာကြောင်မှု skill ကြီးမှာ လက်မြှောက်အရှုံးပေးသွားကြတာချည်း ။
သူ့အကြောင်းသိတဲ့ ဝမ်ပါးနဲ့ဝမ်မားက ဝမ်ရိပေါ်ရဲ့အနာဂါတ်မှာ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်ကျန်ရစ်နေမည့် အရေးကို တွေးပူသဖြင့် ကြင်ဖက်လာတွေ့ခိုင်းတယ် ဆိုပါတော့ ။
အိမ်ထောင်မပြုချင်သေးတဲ့ ဝမ်ရိပေါ်ကို ပါးပါးနဲ့ မားမားက သူတို့လက်ကလွတ် ပလွတ်ဆိုသလိုပဲ သူ့ကိုအဘိုးကြီးတစ်ယောက်ဆီထိုးကြွေးဖို့ စီစဥ်ထားကြတယ်လေ ။ ပေးလာတဲ့ အကြောင်းပြချက်ကလည်း မလှပါဘူး ။ ကလေးမထိန်းချင်တော့လို့တဲ့လေ ။
သူကဘယ်နေရာမှာများ ကလေးနဲ့တူနေလို့လဲဆိုပြီးတော့ ရင်ဘတ်ကို လက်သီးနဲ့ထုထုပြီး အော်မေးလိုက်ချင်ပါတယ် ။ ဒါပေမဲ့ မေးတော့မမေးဖြစ်ခဲ့ဘူး ။ cool guy image ထိခိုက်မှာစိုးလို့ ။
လက်မှာပတ်ထားတဲ့ နာရီက ၄နာရီ၁၀မိနစ်ကို ညွှန်ပြတဲ့အခါ တစ်ခြမ်းစောင်းအပြုံးကြီးပြုံးပြီး ထိုင်ရာမှထလိုက်တယ် ။ CEO Xiao Zhan ဆိုတဲ့ အဘိုးကြီးကို စိတ်ရှည်ရှည်နဲ့ ၁၀မိနစ်ကြီးတောင်စောင့်ပြီးပြီလေ ။ လာမှမလာဘဲ ။
YOU ARE READING
𝐁𝐫𝐚𝐧𝐝𝐞𝐝 [One Shot]
FanfictionBrand new မှမဟုတ်ရင် မဖြစ်နိုင်ကြောင်း.. !! Zhanyi One Shot.(no drama ) Story by Theodora. Sun,December 26,2021