Unicode:
" အခုထဲက နာမည်ခေါ်နေတာ မစောလွန်းဘူးလား... ဘာပဲဖြစ်ဖြစ်... ရှေ့လျှောက် အိပ်ယာပေါ်မှာ ဒီနာမည်ကို ခေါ်ပြီး ညည်းရအောင် လုပ်ပေးမယ်.. "
" ဒီမှာ.. ကျောင်းသားလေး၊ မင်း.. မင်းက ဘယ်မိသားစုကလဲဆိုတာမသိပေမယ့် ငါက မင်းဒီလိုပြောချင်တိုင်းပြောလို့ရတဲ့သူမဟုတ်ဘူး၊ ပြီးတော့ မင်းရဲ့ဆရာဖြစ်လို့ ရှေ့လျှောက် ဒီလိုအပြုအမူတွေလာမလုပ်ဖို့မျှော်လင့်တယ် "
" အဟင်း.. ဟန်ဆောင်ကောင်းသားပဲ၊ ခဗျားတကယ် ဒီကျောင်းက ဆရာတွေကို စာသင်ဖို့ပဲလို့ထင်နေတာလား ကင်မ်ဆော့ဂျင်? ၊ တကယ်တော့ ကိုယ်တို့အလိုဆန္ဒတွေအတွက် အသုံးချနိုင်တဲ့ အမည်ခံ ဆရာ(ဆရာမ) တွေပဲဆိုတာ မသိသေးဘူးနဲ့တူတယ် "
သူတကယ် အံ့ဩလွန်းလို့ဘာမှတောင်ပြန်မပြောနိုင်ပဲ အဲ့နေရာကနေပြေးထွက်ခဲ့မိသည်။ဒီလိုကျောင်းမျိုးမှာ ဒီလိုတွေလည်း ရှိသေးတယ်ဆိုတာ မယုံနိုင်သေးဘူး၊ သူ့အရှေ့က ဂျွန်ဂျောင်ကုဆိုတဲ့ ကျောင်းသားက တကယ် အန္တရာယ်များသည်။ ခဏလေးပဲတွေ့ရသေးတာတောင် ဘယ်လောက်ထိ အရှိန်အဝါကြီးပြီး တစ်ဖက်လူကို လွှမ်းမိုးနိုင်မလဲဆိုတာ အခုထိခုန်နေသေးသော သူ့ရင်ဘက်က သက်သေပင်...
~~~
" ဆော့ဂျင်! ငါဒီမှာ... "
ကန်တင်းရဲ့ အလယ်နားရှိ စားပွဲဝိုင်းကနေ သူ့ကိုခေါ်နေသော ဂျီမင်ကို တွေ့တော့ အဲ့နားကို အပြေးသွားမိသည်။
" ဂျီမင်~ မင်းမနက်က ငါ့ကိုပြောတဲ့ ကျောင်းရဲ့အကြောင်းဆိုတာလေ.. အဲ့ဒါကဘာများလဲ "
" အင်း.. အဲ့ဒါက.. "
" ဂျီမင်နီး.. "
ဂျီမင်ကို ခေါ်တဲ့အသံနဲ့အတူ ခါးပေါ်ကို ပိုင်စိုးပိုင်နင်းတင်လိုက်တဲ့ လက်ပိုင်ရှင်ကို အကြည့်ပို့မိတော့ မနက်က သူ့ရဲ့စာသင်ခန်းမှာရှိနေတဲ့ ကျောင်းသားတစ်ယောက်၊ အဲ့ကျောင်းသားရဲ့ဘေးမှာ ပါလာတဲ့ ဂျွန်ဂျောင်ကုကိုတွေ့ပြီး သူဒီဝိုင်းတွင် ဆက်မထိုင်ဖို့သာဆုံးဖြတ်လိုက်တော့သည်။
" ဂျီမင်.. မင်းရဲ့ ညီလေးနဲ့အေးအေးဆေးဆေး စကားဆက်ပြောကြအုံးနော်.. ငါနောက်စာသင်ခန်းအတွက် သင်ခန်းစာတွေ... "
YOU ARE READING
Teach me how to Love
Fanfiction" ခင်ဗျား တကယ် ဒီကျောင်းက ဆရာတွေကို စာသင်ဖို့ပဲလို့ ထင်နေတာလား ကင်မ်ဆော့ဂျင် ? " #Kookjin #Myanmar #KoojinMyanmar