Unicode,
Seokjin's POV~~
" Wow!! ဆော့ဂျင်.. ဒီ outfit နဲ့အရမ်းလိုက်တယ်၊ ဒီည ပါတီ မှာ ဂျင်ရဲ့ စတိုင်လ်က အမိုက်ဆုံးဖြစ်နေတော့မှာဘဲ "
" တကယ်လား? ^v^ ဒီလို ပါတီ မျိုးတွေ သွားလေ့မရှိတော့ ဘာဝတ်ရမှန်းမသိဖြစ်နေတာနဲ့ ဂျီမင် နဲ့တူတူ shopping ထွက်ခဲ့တာလေ "
နမ်ဂျွန်း အဖေရဲ့ resort ဖွင့်ပွဲရဲ့ ပါတီ သွားရန် နမ်ဂျွန်းက သူ့ကို လာခေါ်ခြင်းပင်၊ သူတကယ် ဒီလို ပါတီ မျိုးတွေ သွားလေ့မရှိတာကြောင့် ဘယ်လိုဝတ်စားရမှန်းမသိတဲ့သူ့ကို ဂျီမင်က တူတူ shopping ထွက်ကြရန်ပြောခဲ့ခြင်းပင်၊ အခု ဝတ်ထားတဲ့ shirt အမဲရောင်က see-through ပုံစံမျိုး ဖြစ်တာကြောင့် ဝတ်ခဲ့မိတာ မလုံခြုံသလိုဖြစ်ပြီး စိတ်ပူနေတာ.. နမ်ဂျွန်းပြောတဲ့ စကားတွေက စိတ်သက်သာရာ ရစေတာပဲ...
" ကိုယ်လည်း ထင်ပါတယ်.. ဂျင်က ဒီလိုမျိုးတွေသွားလေ့မရှိဘူးဆိုတာ၊ ဂျင့်ရဲ့ personality ကအရမ်း ရိုးရှင်းတယ် ဆိုတာ ခင်တာကြာလေ သိလာရလေပါဘဲ၊ ပြီးတော့ အရမ်းအားနာတတ်ပြီး စိတ်ကောင်းတဲ့သူမျိုးလေ "
" ကျွန်တော်က အဲ့လောက် အားမနာတတ်ပါဘူးနော် "
" ဟုတ်ပါတယ်၊ အဲ့လိုရှိတယ်လေ.. ဒီစိတ်ကို ခုတုံး လုပ်ပြီး အခွင့်ရေး ယူတတ်တာမျိုး၊ ပြီးတော့လေ တစ်ခုလောက် တောင်းဆိုလို့ရမလား "
" ဘာများလဲ နမ်ဂျွန်းရဲ့ "
" ဒီတစ်ပတ် ပိတ်ရက်ကျရင် ကိုယ်နဲ့ ဒိတ်ကြမလား? ဂျင်က ဘယ်နေရာမျိုးတွေ သွားရတာကြိုက်လဲဟင်? "
" ပိတ်ရက်တွေဆိုရင် တစ်ယောက်ထဲ စားသောက်ဆိုင်အသစ်တွေမှာ လျှောက်စားရတာမျိုး သဘောကျတယ်၊ တခါတလေ အပြင်မထွက်ချင်ရင် အိမ်မှာ ကိုယ့်ဟာကိုယ် သေချာ ချက်စားဖြစ်တယ်၊ ဒါပေမယ့် ငါ့ရဲ့ ပိတ်ရက်ကို အချိန်ဖြုန်းရတာ နမ်ဂျွန်း နဲ့ အတူတူဆိုလည်း အဆင်ပြေပါတယ် "
နမ်ဂျွန်းက သူ့ကို စိတ်ဝင်စားနေတဲ့အကြောင်း သူ သတိထားမိတာ ကြာပြီ၊ အခုလိုမျိုး ပြောလာတာကို ငြင်းရအောင်လည်း ငြင်းစရာ အကြောင်းပြချက်မှမရှိဘဲ၊ ဒါတောင် ဘာမှမဆိုင်ပဲ စိတ်က ဂျွန်ဂျောင်ကု ကို ဖျက်ကနဲ တွေးမိတာကြောင့် ကိုယ့်ကိုယ်ကို စိတ်ထဲက ကျိန်ဆဲလိုက်တော့သည်။
YOU ARE READING
Teach me how to Love
Fanfiction" ခင်ဗျား တကယ် ဒီကျောင်းက ဆရာတွေကို စာသင်ဖို့ပဲလို့ ထင်နေတာလား ကင်မ်ဆော့ဂျင် ? " #Kookjin #Myanmar #KoojinMyanmar