Prologue

1.7K 86 10
                                    

နတ်ပွဲသွားကြည့်ရင်းနဲ့ ရလာတဲ့ plot လေးပါ ……

ဇာတ်လမ်းလေးကတော့……

နယ်မြို့လေးတစ်မြို့က အရမ်းချောမောလှပပြီး မာနကြီးတယ်လို့ နာမည်ဂုဏ်သတင်းကြီးတဲ့ ငွေလရောင်ဆိုတဲ့နတ်ကတော်လေးတစ်ယောက် ရဲ့ဘဝဇာတ်ကြောင်းလေးပေါ့ဗျာ…..

မွေးစားအဖေတစ်ဖြစ်လဲ ဦးလေးဖြစ်သူ
နတ်ကတော်ကြီးနှင့်အတူကြီးပြင်းလာရင်း
ဆရာဦးလေး ဆုံးပါးချိန်မှာ ဆရာဦးလေးရဲ့ စံခန်းကို အမွေဆက်ခံပြီး ကန္နားစီးအဖြစ်ဆက်လက်ရပ်တည်နေတဲ့ ငွေလရောင်….

မြင်တွေ့ကျင်လည်နေရတဲ့အသိုင်းအဝိုင်းကြားမှာ သူ့ကိုသူ မိန်းမလျှာတစ်ယောက်အဖြစ်ခံယူထားပေမဲ့၊
စာဖတ်လွန်းတဲ့ငွေလရောင် ခေတ်ပညာတတ်လေးငွေလရောင်ဟာ သူ့ဘဝသူ့အခြေအနေနဲ့ လူတစ်ယောက်ကိုချစ်ဖို့မဖြစ်နိုင်ဘူးလို့ ခံယူထားသူတစ်ယောက်ပါ…….

သူ့ကိုချည်းကပ်လာသူအမျိုးသားတွေမှာလဲ သူ့အပေါ်ချစ်မေတ္တာမပါပဲ ရယူလိုမှုတစ်ခုနဲ့ပဲ ချည်းကပ်လာတယ်လို့ သတ်မှတ်ထားသူလေး ငွေလရောင်ပါ…..

သူ့လိုမိန်းမလျှာတစ်ယောက်ကို ဘယ်ယောကျ်ားကမှ မေတ္တာအစစ်အမှန်ပေးလာမှာမဟုတ်ဘူးလို့တစ်ထစ်ချယုံကြည်လက်စွဲထားသူ ငွေလရောင်ရဲ့ ဘဝထဲကို ခေါင်ရိပ်ဆိုတဲ့ သူ့ထက် ငါးနှစ်လောက်ငယ်တဲ့ကောင်လေးက  မမျှော်လင့်ပဲ ဝင်ရောက်လာခဲ့တဲ့အခါ
သူတို့ကြားမှာ ဘာတွေဆက်ဖြစ်မလဲ….

အသက်ငယ်ငယ်လေးနဲ့ ကန္နားတစ်ခုလုံးကိုဦးစီးပြီး လက်အောက်က မိန်းမလျှာပေါက်စလေးတွေရဲ့ ဘဝအခက်အခဲတွေကို ခါးစီးဖြေရှင်းပေးနေရတဲ့ တည်တည်ငြိမ်ငြိမ် နတ်ကတော်လေး ငွေလရောင်နဲ့

တဇွတ်ထိုးတစ်ဇောက်ကန်းလေး ခေါင်ရိပ်ကြားက အချစ်ဇာတ်လမ်းလေးကို သဘာဝဆန်ဆန် ဖြစ်လေ့ဖြစ်ထရှိတဲ့ရှုထောင့်ကနေ ပုံဖော်သွားမှာမို့ စောင့်ပြီး ဖတ်ရှုပေးကြဖို့  ဖိတ်ခေါ်ပါတယ်…..

ဒီဇာတ်လမ်းလေးမှာ မိန်းမလျှာတစ်ဖြစ်လဲ နတ်ကတော်လေးတွေရဲ့ Back Stage ကနာကျင်ခံစားရမှုတွေ ၊ဘဝအခက်အခဲတွေအပြင် အလွဲလွဲအချော်ချော်နဲ့ငိုအားထက်ရယ်အားသန် အဖြစ်အပျက်လေးတွေကို  ခေတ်နဲ့အညီ ဖော်ကျူးရေးသားပေးသွားမှာပါ။

ငွေ လ ရောင် (Ongoing)Where stories live. Discover now