အပိုင်း(5)U+Z

151 27 7
                                    

မနက်ဖန်ပွဲထွက်ဖို့ရန်အတွက် ဒီနေ့ကတည်းက ပစ္စည်းတွေကားပေါ်တင်ရင်း
လရောင်တို့အဖွဲ့ အလုပ်များနေကြလေသည်။

“ ဟဲ့ ဟိုအသစ်ကလေး ဒီနားလာအုံး…”

“ ဟုတ်ကဲ့ မာမီတိုးလာပါပြီရှင့်….”

“ ရော့ ဒီကန်တော့ပွဲဇလုံတွေကိုကားရဲ့ဟိုးထိပ်ပိုင်းကို ရောက်အောင်တင်၊ သူ့အပေါ် ကနေ ပစ္စည်းအလေးတွေမပိစေနဲ့၊ ဇလုံတွေ ပိန်ကုန်မယ်၊ကြားလား….”

“ ဟုတ်ကဲ့ပါရှင့်….”

ပုဆိုးလေးကို ရင်ခေါင်းမှာထမီလိုတက်ဝတ်ထားတဲ့ မနေ့ကမှ အဖွဲ့ထဲရောက်လာတဲ့မိန်းမလျာလေးက ဇလုံအထပ်လေးခေါင်းပေါ်ရွက်ကာ ဖင်လေးလိမ်ကာလိမ်ကာနှင့်ထွက်သွားလေတော့သည်။

“ မိတိုးရေ ….”

“ ရှင် မေခင်….”

“ လရောင်ရော….”

“ အကိုလေး သူ့အဝတ်တွေစစ်နေတယ် မေခင်….”

“ အေး ပြီးရင် ငါ့ဆီခဏလာလို့ပြောလိုက်…”

“ ဟုတ်ကဲ့ မေခင်…”

ဆရာကျောခိုင်းထွက်သွားတာနှင့် မိတိုး အကိုလေးအခန်းဘက်ထွက်လာခဲ့သည်။

“ အကိုလေးရေ အကိုလေး….”

“ အေး ….ဝင်ခဲ့….”

“ မေခင် အဲလေ…ဆရာက ပြီးရင်သူ့ဆီခဏလာပါအုံးတဲ့…”

“ အေး….အေး…ရော့ ဒါလေးတွေသေချာဆန့်နေအောင်ခေါက်ပြီး သေတ္တာထဲထည့်ထားပေး…ငါသွားလိုက်အုံးမယ်..”

“ ဟုတ်…”

လရောင်ကျောပြင်မှာ ဖြန့်ချထားတဲ့ပိတုန်းရောင်ဆံနွယ်ရှည်တွေကို ဘီးဇပတ်ပတ်လိုက်ကာ ထွက်လာခဲ့သည်။

“ ဆရာ…..ကျွန်တော်ဝင်လာခဲ့မယ်နော်…”

“ အေး ဝင်ခဲ့လေ…”

ခင်မြလှိုင်(ခေါ်) မေခင် ခန်းဆီးလေးလှပ်ကာဝင်လာတဲ့ တူတော်မောင်ကို တစ်ချက်မော့ကြည့်ရင်း လက်ထဲကရေနွေးကြမ်းခွက်ကိုမော့ချလိုက်မိသည်။

“ လရောင် ရှေ့လထဲမှာ မင်းဘွဲ့ယူရတော့မယ်နော်…”

“ ဟုတ်ကဲ့ ဆရာ….”

ငွေ လ ရောင် (Ongoing)Where stories live. Discover now