အပိုင်း (14)

126 18 1
                                    

ခေါင်ရိပ်ဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်အား။
အကိုသတိပြန်ရလာဖို့အရေးသာ သူ့ခေါင်းထဲရှိနေခဲ့တာ။
ကျောင်းမှာသင်ခဲ့ဖူးသည့် ရှေးဦးသူနာပြုစုနည်းကို
လက်တွေ့အသုံးချရန်ကြိုးပမ်းလိုက်ရင်း
အသက်ကိုတစ်ဝကြီးရှူလိုက်ကာ အကိုနှုတ်ခမ်းပါးလေးပေါ်သို့ သူ့နှုတ်ခမ်းနှင့်ထပ်တူကျစေလိုက်သည်။
တစ်ကြိမ်
နှစ်ကြိမ်
သုံးကြိမ်‌မြောက်ကြိုးစားရန် ခေါင်းကိုပြန်အငုံ့ အကိုကမျက်လုံးလေးများ ဖြည်းညှင်းစွာဖွင့်လာခဲ့ရင်း ခေါင်ရိပ်လက်မောင်းကို ဖွဖွလေးတွန်းဖယ်လာခဲ့သည်။

" အကို သတိရပြီလား။ ဘယ်လိုနေသေးလဲ"

"ဦးလေး ....ခေါင်ရိပ် ဦးလေးရော"

" ဆရာ့ကို ambulance ခေါ်သွားပြီ။ မေမွှေးနဲ့ မေချစ်လိုက်သွားတယ်။အကိုဘယ်လိုနေလဲ အသက်ရှုရတာ အဆင်ပြေရဲ့လား"

ခေါင်ရိပ်က အကို့ရဲ့တောင်ရှည်ပုဆိုးစနှင့်ပင် အကို့မျက်နှာကိုလေရစေရန် တဖျက်ဖျက်ခပ်‌ပေးနေရင်း ပါးစပ်ကလဲတတွတ်တွတ်ပြောနေခဲ့သည်။

"ငါ...ငါလိုက်သွားမှဖြစ်မယ် ခေါင်ရိပ်"

ပြောနေရင်း လူးလဲထသည့်အကိုက ခေါက်ခနဲပြန်ခွေကျကာ ခေါင်ရိပ်ရင်ခွင်ထဲ ခေါင်းတိုးဝင်ရင်း ပခုံးနှစ်ဖက်က တသိမ့်သိမ့်တုန်လှုပ်လာခဲ့သည်။

"ငါ...လိုက်သွားမှဖြစ်မယ် ခေါင်ရိပ်။ဦးလေး...သူ...သူ
အဟင့်...အဟင့်....အီး...ဟီး"

သူ့ရှေ့မှာအမြဲတမ်းသန်မာချင်ယောင်ဆောင်ခဲ့သည့်အကို့ရဲ့ ငိုသံက ခေါင်ရိပ်ရင်ကိုဓါးထက်ထက်နှင့်မွှန်းနေသည့်နှယ်။ အကို့ကိုကြည့်ရင်း ခေါင်ရိပ်သည်မငိုပါပဲ
ရင်ထဲမှာတင်းကြပ်ဆို့နှင့်မှုများဖြင့် မျက်ရည်တို့သာ ကျဆင်းလာခဲ့ရင်း အကို့ကိုတင်းတင်းလေးတိုးဖက်လိုက်မိသည်။

"အကိုလေး မိတိုးတို့ဘယ်လိုလုပ်ကြမလဲ။ဆရာ့ကို ဘယ်လိုလုပ်ကြမလဲ အီး ဟီး..."

အကိုတိုးကပါ စံခန်းအလယ်က ဆရာပြုတ်ကျခဲ့သော ရွှေကြက်ရုပ်နှင့် ရွှေဖလားလေးကိုကိုင်ရင်း တစ်စစီပြန့်ကြဲနေသော ဆန်စေ့များကြားငုတ်တုပ်ထိုင်ကာ တအီး အီး အော်ငိုနေပြန်သည်။ ရပ်ကွက်ထဲမှပွဲလာဧည့်ပရိတ်သတ်များကလဲ စပ်စုချင်စိတ်နှင့်ခြံဝင်းထဲ ဟိုတစ်စုသည်တစ်စုရပ်ကြည့်နေကာ မပြန်ကြသေးချေ။

ငွေ လ ရောင် (Ongoing)Where stories live. Discover now