Part (1)

818 57 2
                                    

မနေ့ညကမှရိုက်ပြီးတဲ့ ဇာတ်လမ်းက ပရိတ်သတ်တွေအလိုအတိုင်းhappy endingဖြစ်သွားလေရဲ့။
မင်းသမီးနှုတ်ခမ်းကိုနမ်းပြီးလို့ ဒါရိုက်တာက "cut" လို့အော်တာနဲ့ တိုက်ခန်းဆီပဲတန်းပြန်ခဲ့လိုက်တော့တယ်။နှုတ်ဆက်တဲ့အနေနဲ့ တစ်ခွက်လောက်သောက်ရအောင် လို့ဖိတ်ခေါ်တဲ့ မင်းသမီးရဲ့ အမေးကို "no,thanks" ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့ကျောခိုင်းခဲ့တယ်။ဒီနေ့က သူတိုက်ခန်းမှာရှိနေပြီး ပြန်မလာသူကို စကားတွေပြောရမယ့်နေ့မို့လား။

တိုက်ခန်းရောက်လို့ ရေချိုးပြီးတာနဲ့ ဝရံတာကိုထွက်ထိုင်လိုက်တယ်။လက်ထဲမှာလဲ ဝိုင်ခွက်နဲ့။

"Hyung ,ဘယ်တော့ပြန်လာမှာလဲ"

ဒီစကားကို ဒီလိုနေရာ ဒီလိုအချိန်မှာပြောတာ အခါတစ်ရာမကတော့ဘူး။ဒါလဲသူတစ်ယောက်ပဲ သိတဲ့အမှန်တရား။

ပစ်ထားခဲ့သူပြန်မလာပေမယ့် ကျန်ခဲ့သူကတော့မျော်ရတာပဲ။

မနက်ကျ ဇာတ်လမ်းအသစ်အတွက် မိတ်ဆက်ပွဲရှိတယ်။
ဒါရိုက်တာ အသစ် producerအသစ် ဇာတ်ညွှန်းအသစ်
မင်းသမီးအသစ်

တစ်ကားရိုက်ပြီးလိုက် နောက်တစ်ကားအတွက် ပြင်ဆင်လိုက် ။water cycleလိုပဲ။ဘယ်တော့မှအဆုံးရှိမှာမဟုတ်ဘူး။

ဒီညမှ ထူးထူးခြားခြား ဝိုင်က လွန်ခဲ့တဲ့နှစ်တွေက တစ်စုံတစ်ယောက်နဲ့ အတူတူသောက်ခဲ့ဖူးတဲ့အရသာအတိုင်း။
ချိုလား ခါးလား အတိအကျမသိပေမယ့် ဘယ်ဘက်ရင်အုံကတော့ တဆစ်ဆစ်ကိုက်ခဲလာတယ်။

"Hyungအတွက်မွေးနေ့လက်ဆောင်"

သူ့အိမ်မက်ထဲ ဒီစကားတစ်ခွန်းထဲကိုပဲ ပဲ့တင်သံတွေလို ခနခန‌ကြားနေရတယ်။ဘေးနားမှာရပ်နေသူကလဲ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတော့မလိုလို။ဟိုးအဝေးကိုလွှင့်စင်သွားတော့မလိုလို။ထွက်မသွားအောင် ပြေးပြီးလှမ်းဆွဲပေမယ့် ပိုပြီးဝေးသွားသလိုလို။ဒီအိမ်မက်ကြီးက ဘယ်တော့မှပြီးမလဲ။ဝမ်းနည်းဖို့ကောင်းလိုက်တာ..

တီ..တီ..တီ

အိမ်မက်ဆိုးထဲကနေ လွတ်မြောက်ဖို့ တစ်ခုထဲသော ကယ်တင်ရှင်လေး။
လွန်ခဲ့တဲ့ ၆နှစ်လောက်က အိမ်မက်က အခုမှထူးထူးဆန်းဆန်း ပြန်မက်နေလေရဲ့။
ဆိုးဝါးတာတွေ မဖြစ်စေဖို့ ဆုတောင်းရင်း ရေချိုးခန်းဝင်လိုက်တော့တယ်။မိတ်ဆက်ပွဲအသစ်ရှိတယ်မို့လား။

Him..Where stories live. Discover now