သဘောကျတဲ့သူနဲ့သူငယ်ချင်းမဖြစ်စေနဲ့ဆိုတဲ့စကားကို Park Jihoon တစ်ယောက် လျစ်လျူရှုပြီး သူငယ်ချင်းထက်ပိုတဲ့ဆက်ဆံရေးနဲ့ Hyunsuk ဘေးနားမှာပဲရှိနေတယ်။
Jihoon အိမ်မှာပဲနေတတ်တဲ့ Hyunsuk က အရင်နေ့ညက အရက်အရှိန်ကြောင့်အခုထိ အိပ်ယာမထသေးဘူး။
"Hyung ထတော့ နေ့လည်စာစားချိန်တောင်ရောက်ပြီ"
အိပ်ယာပေါ်မှောက်အိပ်နေတဲ့Hyunsukအပေါ်ကိုထပ်ဖိအိပ်ပြီး နှိုးလိုက်တယ်။
"နေ့လည်စာချက်ပြီးပြီလား"
အိပ်ချင်မူးတူးအသံနဲ့ပဲ မျက်လုံးမှိတ်ရက်မေးလာတယ်။
"ဘယ်တုန်းက ချက်လို့လဲ ဝယ်စားနေကြကို"
"ဒီနေ့တော့ချက်ရအောင် ဧည့်သည်လာမှာ"
"ဘယ်သူလာမှာမို့လဲ ကျွန်တော်လဲမသိရပါလား"
"Haruto"
"ဟာ hyung ကလဲ သူစိမ်းမှမဟုတ်ဘဲ အချင်းချင်းတွေကို အပြင်မှာဝယ်ကျွေးလဲဖြစ်နေတာပဲ"
မှောက်အိပ်နေရာကနေ ပက်လက်လှန်လိုက်တော့ နှစ်ယောက်လုံးမျက်နှာကနီးနီးကပ်ကပ်ရှိနေပြီး နဖူးတစ်ဝိုက်မှာကျနေတဲ့ Hyunsuk ဆံပင်တွေကို Jihoon ကလက်နဲ့သပ်တင်ပေးရင်း နားထောင်ပေးနေတယ်။
"Haruto တစ်ယောက်ထဲမဟုတ်ဘူး သူ့ကောင်လေးရောပါမှာတဲ့"
"ဝါး ကောင်လေးတောင်ရနေပြီပေါ့"
"ဟုတ်တယ် LAကမို့ ကိုရီးယားအစားအစာတွေကျွေးချင်လို့အပန်းမကြီးရင်ချက်ပေးပါလားတဲ့ Haruto က"
"အဲ့ဒါဆို အခုထတော့ ဘယ်အချိန်ရောက်မှာတဲ့လဲ နောက်ကျတော့မှာပဲ"
Hyunsuk လက်နှစ်ဖက်ကိုကိုင်ဆွဲထူပြီး ရေချိုးခန်းထဲထိအရောက်ပို့ပေးလိုက်ရတယ်။
"Hyung လာတော့ ဒီမှာအကုန်ပြင်ဆင်ပြီးသွားပြီ"
"ခနနော်"
"မီးဖိုချောင်လေးဝင်ရမှာကို ဘာတွေဒီလောက်ပြင်ဆင်နေလဲမသိဘူး အပြင်သွားမှာလဲမဟုတ် ပြီးကျရင် ya park Jihoon ဆိုပြီးအသံအကျယ်ကြီးနဲ့အော်ပြန်အုံးမှာ"
Jihoon က ကြက်သွန်နီတွေလှီးရင် ပါးစပ်ကနေ တိုးတိုးလေး ပွစိပွစိပြောနေတယ်။