4 ❄

286 61 5
                                    

(Unicode)

လမ်းလျှောက်ရင်း နေမှောင်သွားသဖြင့် ကျွန်တော် ပိတ်ချင်းမြောင်သို့ မသွားဖြစ်တော့ဘဲ အိမ်သို့သာ တန်းပြန်လာဖြစ်ခဲ့သည်။

ရောက်ရောက်ချင်း ကိုယ်လက်သန့်စင်ပြီးသည်နှင့် ဈာန့်အတွက် ဆန်ပြုတ်နွေးနွေးလေး ပြင်ဆင်ပေးမိသည်။

မတော်လို့ မနက်ကလို ထပ်အန်လျှင် ဈာန် ပင်ပန်းရပြန်ဦးမည်။

နှစ်ယောက်သား ညစာ စားပြီးချိန်တွင် ပြင်ပ ရာသီဥတုက အတော်ပင် အေးလာသည်။ အအေးလိုင်း ဖြတ်မည်ဟု ကြိုကြေညာထားခဲ့သော်လည်း ဤမျှ ဆိုးမည်ဟုတော့ မထင်ခဲ့မိကြတာ အမှန်။

နှစ်ယောက်လုံး အခန်းထဲတွင် မနေနိုင်၍ မီးလင်းဖိုနှင့်နီးရာ ဧည့်ခန်းဆိုဖာမှာသာ ထိုင်နေမိကြသည်။

"ရုပ်ရှင်ကြည့်ကြမလား ဈာန်။”

ကျွန်တော် ပြောတော့ ဈာန်က နို့လက်ဖက်ရည်ခွက်ကို ဘေးချကာ ခေါင်းညိတ်သည်။

စင်ပေါ်မှ အခွေများကို မွှေနှောက်ကာ ဘာကြည့်ရင် ကောင်းမလဲ ရွေးလိုက်သည်။ ရုပ်ရှင် မကြည့်ဖြစ်တာ အတော်ကြာပြီ ဖြစ်၍ အခွေများက ဖုန်ပင် တက်နေပြီ ဖြစ်သည်။

နောက်ဆုံးတော့ ဝယ်ပြီး မကြည့်ဖြစ်သည့် English အချစ်ဇာတ်လမ်း တစ်ခုကိုသာ ရွေးချယ်လိုက်သည်။

"500 days of Summer ”

ဇာတ်လမ်း စစချင်း ဈာန်ပြောတော့ ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

"မင်း ကြည့်ဖူးလို့လား ဈာန်။”

"အင်း ကြည့်ဖူးတာ ​ကြာပါပြီ။
ပြန်ကြည့်ကြတာပေါ့။”

ဈာန်က ပြောပြီးသည်နှင့် TV ဖန်သားပြင်သို့သာ မျက်နှာမူသွားသည်။

ရုပ်ရှင်က ကိုယ့်အတွေးနှင့်ကိုယ် အရာရာကို အဟုတ်ထင်ပြီး စိတ်ကူးယဥ်ဆန်တတ်သော ကောင်လေးတစ်ယောက်နှင့် အချစ်ကို မယုံကြည် အလေးအနက် မထားတတ်သည့် Summer ဆိုသည့် မိန်းကလေး၏ ရက်ပေါင်း 500 အတွင်းက ရိုးရှင်းသော ဇာတ်လမ်းလေးပင်။

ကြည့်ရင်း ကြည့်ရင်း ရုပ်ရှင် ဇာတ်ရှိန်မြင့်လာလေလေ၊ ဇာတ်လိုက် မင်းသားနေရာတွင် ကျွန်တော့်ကိုယ် ကျွန်တော် မြင်ယောင်လာမိလေလေ ဖြစ်လာသည်။

Zen, My cool breeze, My faded winter dream Donde viven las historias. Descúbrelo ahora