( 1 )

478 10 4
                                    


ဗိုက်ပေါ်အေးစက်သောအရာ၏ထိတွေ့မှုနှင့်တကွဆရာဝန်၏ စကားပြောသံအချို့။

" ဒီမှာတွေ့လား ဒီအစက်လေးက
ညီလေး ရဲ့ ကလေးလေး လေ "

ဆရာဝန်ပြလိုက်သော screen မျက်နှာပြင်
ကို ကြည့်​နေသော ကုတင်ပေါ်က ၁၇ နှစ်
အရွယ် လူငယ်လေးတစ်ဦး။လူနာဝတ်စုံ
အပြာနုလေးသည် ပိန်ပါးနေသော သူရဲ့
ခန္ဒာကိုယ်လေးနှင့်ပင် မလိုက်ဖက်လှစွာ။
ညာဘက်ခြေထောက်လည်းကျောက်ပတ်တီး
စီးထားရ၍ ခန္ဒာကိုယ်တစ်ခုလုံးတွင်နှိပ်စက်
ခံထားရသော ဒဏ်ရာများက အခုထိမပျောက်သေး။မျက်နှာပေါ်တွင်လည်း ခရမ်း
ရောင်ညို့နေသော အတွင်းကြေဒဏ်ရာများ။
အရောင်မကျသေး၍ ညို့ဆဲဖြစ်သော မျက်ဝန်း တစ်ဖက်မှ မျက်ရည်များစီးကျလာ
သည်။

" မငိုပါနဲ့ကွာ ငါရှိတယ်နော် "

ကိုယ်ဝန်သည်ကောင်လေးရဲ့ မျက်ရည်များ
အား သုတ်ပေးနေသောယောကျ်ားလေးတစ်ဦး။သူကိုယ်တိုင် အခြားလူ၏ မျက်ရည်ကို
သုတ်နေပင်မဲ့ သူ့မျက်ဝန်းတွင်ကျနေသော
မျက်ရည်များကို မြင်ခြင်းမရှိ။ဒါမှမဟုတ်
မမြင်ချင်ယောင်ဆောင်ထားတာလား။

" ငါတို့....လက်ထပ်ရအောင်နော်
ငါတို့လက်ထပ်ပြီးရင် မင်းရယ် ငါရယ်
ကလေးလေးရယ် သာယာတဲ့မိသားစု
ဘဝလေးကို အတူတည်ဆောက်ကြရအောင်
လေ.....နော် သူငယ်ချင်း မငိုနဲ့နော် "

သူတို့ ရှုံးနိုင်မှန်းသိလျက်နှင့် ထိုကစားပွဲကြီး
ကို ကစားခဲ့ကြတာလား။
မဖြေရှင်းနိုင်တဲ့ပြဿနာကြီးမှန်း သိသိကြီး
နှင့် မိုက်ရူးရဲဆန်ခဲ့ကြတာလား။
သူတို့သာ မချစ်မိခဲ့ရင်အခုလို နာကျင်ရပါ့မလား။သူတို့ဘယ်အချိန်ကတည်းကမှားနေခဲ့တာလဲ။ ထို ကိစ္စအားလုံးရဲ့အစက.......။

တူညီရာသို့သွားနေသောမျဥ်းပြိုင်လေး
ကြောင်း၏ ပိုင်ရှင်တို့သည် တစ်ချိန်က
အချစ်ကိုရူးသွပ်စွာ ကိုးကွယ်မိခဲ့သော
အချစ်ရှုံးသမားများသာ
..............................................................

ငြင်သာသော လေညင်းတစ်ချက်၏ ပျင်းရိ
မှုကြောင့် တမာန် လက်တို့ကိုဆန့်ထုတ်လိုက်
သည်။ သူတို့အခု canteen တွင်ဖြစ်သည်။
သူငယ်ချင်းသုံးယောက်သား မှာထားသော
အစားအစာများကိုလက်ဖြင့် တို့တောင်မတို့ရ
သေး။တို့လျှင် ဇေယျဟူသောအကောင်ရဲ့
ကောင်မလေး တန်းစီး မခင်စိန်ဟူသောဟာမ
က လာဦးမည်။ထိုကြောင့် ညကဖတ်ထားသော fic အကြောင်းကိုပဲပြောဖို့စကားစလိုက်တော့သည်။

Love Losers IWhere stories live. Discover now