( Zawgyi )ဝမ်းနည်းနေသော စိတ်တို့ကိုလေပူတစ်ချို့နှင့်
အတူ မှုတ်ထုတ်ရင်း အိမ်ခြံထဲသို့ဝင်ရောက်
လာသည်။သစ်တစ်ပိုင်း အင်္ဂတေတစ်ပိုင်း
ဆောက်ထားသော ပျဉ်ထောင်အိမ်ကြီးသည်
ဇေယျနေသော ရပ်ကွက်ထဲတွင်တော့ ကြီး
ကျယ်ခမ်းနားလှလေသည်။အိမ်ရှေ့နားတွင်
လမ်းကလေးသို့မျက်နှာမူထားသော အပေါင်ဆိုင်လေးကိုတွေ့ရမည်ဖြစ်သည်။
အပေါင်ဆိုင်နာမည်က ဒေါ်ခင်ဆင့်ရှင်
အမိန့်ရအပေါင်ဆိုင်ဟူပင်။ဒီနေ့မှာ ဆိုင်လေး
ကိုပိတ်ထားလေသည်။အဘယ်ကြောင့်ဆို
တော့ ဇေယျရဲ့ သင်္ဘောသားအကို ဝဏ္ဏပိုင်ချီ
ရောက်နေ၍ဖြစ်သည်။လေးပင်သော ခြေလှမ်းများဖြင့် အိမ်ထဲဝင်လာတော့ အိမ်
ထဲမွ စကားပြောသံအချို့ကို ပီသစြာ ကြားလာရသည်။အမေနှင့် မောင်နှမများစုံညီစွာ
စုပေါင်းစကားပြောနေကြလေသည်။
ဇေယျကိုမြင်တော့ အကို ဝဏ္ဏက ပြောလက်စစကားတို့ကိုဖြတ်ကာ သူ့ဆီမပြေးရုံ
တစ်မယ်ခြေလှမ်းမြန်မြန်ဖြင့် လျှောက်လာ၍
လာဖက်လေသည်။ဇေယျလည်းပြန်ဖက်
လိုက်လေသည်။ကိုကြီးက ဖက္ထားရာမွ
လွှတ်ကာ။" ညီလေး အမယ် မတွေ့တာကြာလို့
လားမသိဘူး တော်တော်ထွားလာပါလား
ငယ်ရုပ်လေးတောင်ပျောက်သွားသလိုနော် "" ကိုကြီးကလည်း အဲလောက်လည်း
ထွားမလာပါဘူးရော မတွေ့တာနှစ်နှစ်ပဲ
ရှိသေးတာကို "ကိုကြီးမှ ပြုံးစစဖြင့်ပြောလာတော့ ဇေယျလည်းထိုသို့ ပြန်ပြောလိုက်သည်။
" သားငယ် လင်းလက်ကလည်းနော်
စောစောပြန်လာမယ်ပြောပြီး အခုထိပြန်
ရောက်မလာသေးဘူး "အမေကလည်းပြောပြောဆိုဆိုဖြင့် ဇေယျ
ပြန်လာတာ လှည့်တောင်မကြည့်ဘဲ အိမ်ပြင်
သို့ထွက်သွားကာ ညီလေးလင်းလက်ပိုင်ချီ
ကိုသွားစောင့်နေသည်။အမေကဒီနေ့ဒီချိန်အထိသူ့အား အမြင်ကြည်သေးပုံမပေါ်။
နှင်းရတီနှင့်ပူပူနွေးနွေးပြတ်ထားတာဖြစ်သောကြောင့် ဝမ်းနည်းစိတ်အချို့ ခန္ဒာကိုယ်
အတွင်းမှ လှိုင့်တက်လာခဲ့သည်။"ကိုကြီး ကျွန်တော်ရေမိုးသွားချိုးလိုက်ဦး
မယ် "" အင်းအင်း ညီလေး "
YOU ARE READING
Love Losers I