အခန်း၁၁ အသက်မပြည့်ခြင်း

1.4K 16 4
                                    

''ရန်ရန်''
'' မခေါ်နဲ့''
'' ရန်ရန် ရယ်''
''သွား မခေါ်နဲ့ မင်းမနေ့က ဘယ်ကောင်နဲ့တွေ့နေလို့ငါ့ဆီမလာတာလဲ''
'' ကိုယ်လာမလို့ပါပဲ ကိစ္စ.. ''
'' ဘာကိစ္စ မှ မကြားချင်ဘူး ငါကတော့ စောင့်လိုက်ရတာ ''
''ငါ့အဖေသိသွားပြီ''
'ဟင်'
'အင်း မနေ့က ငါမလာဖြစ်တာ အဲ့ဒါကြောင့်'
ရန်ရန် မျက်နှာလေးညိုးကျသွားသည် သူလည်း ကျွန်တော့် အဖေအကြောင်းသိပါသည်
၂ယောက် လုံး ဘာမှ မပြောဖြစ် ပါ

'' ဒီနေ့ ဘယ်မှ မသွားတော့ ဘူး ငါ့အိမ်လိုက်ခဲ့ နော် အပြင်မှာဆို တူတူတွေ့နေရင် ပြောနေဦးမယ် အိမ်ရောက် မှ သေချာပြောကြတာပေါ့''

သို့နှင့် ရန်ရန်အိမ်ရောက်သွားသည် သူနှင့် ကျွန်တော် အိပ်ရာပေါ် မှာလှဲနေကြသည် ကျွန်တော် ကခေါင်းအုံးပေါ်မှာ သူက ကျွန်တော့်လက်မောင်းပေါ်မှာ ကျွန်တော် က ပက်လက် သူကကျွန်တော့်ဘက်လှည့်လျက်

'' ဟူးးးးးး''

ရန်ရန် သက်ပြင်းချလိုက်တာ ရင်ဘက်တောင်ပူသွားသည်

'' မင်းလေ ''
''အင်း ''
''အဆင်ပြေသလိုလုပ်နော် ဘာလုပ်မယ်လို့စိတ်ကူးစိတ်ကူး ငါ့ကို အမှန်တိုင်းပြောနော် ဘယ်လိုဖြစ်ဖြစ် ငါလက်ခံပေးမယ် နော် မိန်းမ ယူရမယ်ဆိုလည်း..... ''

ရန်ရန် အသံတိတ်သွားသည်

'' ယူလိုက်နော် ရတယ် အဆင်ပြေသလိုသာလုပ်''

ရန်ရန် ဒီလို ပြောမယ်မှန်းသိပါသည်

'' ငါကမိန်းမယူမယ်ဆိုရင်တောင်ကွာ ဘယ်သူနဲ့ယူရမှာလဲ ပြီးတော့ ယူချင်တိုင်းယူလို့ရတာ မဟုတ်''

'' ဟေ့ ရောင် မင်းကကွာ ခုမှ ၁၇ ပဲ ရှိသေးတာ အခုချက်ချင်း မိန်းမ ယူလို့ မရဘူး လေ ''

ရန်ရန်ပြောမှ သတိ ရသည် အဖေ့ကို ထိုသို့ပြောလိုက်လျင်တော့ အဖေလက်ခံရမည်ဖြစ်သည် အပြင်တွေ လျှောက် သွားရင်းလူကြီးဆိုဒ်ဖမ်းနေသော ကျွန်တော် သည် အခုတော့ ကလေးဖြစ်နေသေးသည်ကို ပထမဆုံး အကြိမ် ကျေနပ် သွားသည်

ထို့နှင့် အိမ်ပြန်ရောက်တော့ အဖေရုံးက ပြန်အလာကို ထိုင်စောင့်နေလိုက်သည်
အဖေ ပြန်ရောက်လာတော့ ကျွန်တော့်က်ို မကြည့် အိပ်ခန်း ထဲ တန်းဝင်သွားသည် သို့နှင့် အိပ်ခန်းဝကို သွားစောင့်နေသည်
အဖေက အိပ်ခန်းထဲ က ထွက်လာပြီး ရေချိုး ခန်းထဲ ဝင်သွားသည် ကျွန်တော် လည်း တကောက်ကောက်... ရေချိူး ခန်းထဲက အဖေပြန်ထွက်လာတော့

'' ခွေးသား ''

'' ကျွန်တော် ပြောစရာ.. ''

'' မင်းကို မမြင်ချင်ဘူးစောက်ခြောက် မင်းစောက်သံလည်း မကြားချင်ဘူး ကျက်သရေတုန်း တယ် မျက်စိ ရှေ့ တောင် မရောက်လာနဲ့''

...............

ကျွန်တော် နဲ့ အဖေ့ဇာတ်လမ်းဟာ ဒီလို ပဲ ဖြစ်နေခဲ့တယ် ဒီနောက်ပိုင်းမှာ အဖေက သူ့ဒေါသတွေ အပေါ်ကျွန်တော့်အပေါ်ပုံချခဲ့တယ်
လက်သီးနဲ့ ထိုးတယ် လည်ပင်းညှစ်တယ် ခါးပတ်နဲ့ရိုက်တယ် အစုံပါပဲ
ဆဲတာလည်း ကြားလို့တောင်မကောင်းပါဘူး စောက်ခြောက် လို့ပဲ ခေါ်တော့တယ်

ကျွန်တော် က မိန်းမ တွေကို လုံးဝ စိတ်မဝင်စားတာ သူတို့ က်ို စိတ်ပါကုန်နေတာ
အဖေက မိန်းမ ယူရမယ်ပြောလေလေ မိန်းမတွေကို စိတ်ညစ်လာလေပဲ ကျွန်တော် အသက် မပြည့်သေးလို့ဆိုလို့ အဖေက ချက်ချင်း မပေးစားတာ တက​ယ်တော့ပေးစားလည်း ကျွန်တော့်ဘာသာ မိန်းမ တစ်ယောက် ရှာလို့ မရဘူး ကျွန်တော် ခြောက်နေတာ အကုန် သိတယ် ကျွန်တော် က နွဲ့နှောင်းနေတာ မျိုး မဟုတ် ပေမယ့် ရန်နိုင် နဲ့တွဲနေတာ ဆိုတော့ အားလုံးသိကြတယ်ပေါ့ ဗျာ အဲ့ဒါနဲ့ ကျွန်တော် ယူလို့ရလောက်မယ့် ငတုံးမတစ်ယောက်ကို ရှာနေတာ ကော့ အသက်မပြည့်သေးတဲ့ အချိန် တွေမှာတော့ အဖေ့လက်နဲ့ ကျွန်တော်နဲ့ လုံးဝ မလွတ်ဘူးပဲ စိတ်ညစ် ဖို့ ကောင်းတယ်

ဇာတ်က သိမ်းချင်နေပြီ စာကလည်း မရေးချင် ဒါပေမယ့် စထားတဲ့အလုပ်ပြီးအောင်လုပ်ရမယ်ဆိုတော့ တိုတိုတုတ်တုတ် ပဲ ရေးလိုက် ပါတယ် အဆင်မပြေခဲ့ရင် တောင်းပန်ပါတယ် ဗျ

Domestic violenceWhere stories live. Discover now