အပိုင်း(၁)

15 0 0
                                    

အထက်ကလူ တစ်ယောက်ဧည့်ခန်းကဆိုဖာပေါ်တွင်လူလူကိုပေါင်ပေါ်တင်လျက်လက်တော့စ်တစ်လုံးနဲ့အလုပ်ရှုပ်နေခဲ့တယ်။

"သား ထက်လူ ကြီးမိုးပြန်ရောက်ပြီနော်သားခေါ်ခိုင်းထားတာလဲပါတယ်"

ဟုတ်ပါတယ်သားလေးကလဲ(၁)နှစ်ရှိပြီမို့လေးဘက်ထောက်နဲ့မနိုင်အောင်ဆော့လွန်းပါတယ်။အစကတော့ကြီးမိုးကထိန်းပေမယ့်ကြီးမိုးလဲအသက်ကြီးပြီမို့သားလေးကိုသေချာမလိုက်ကြည့်နိုင်မထိန်းနိုင်တော့သည်မို့ ကြီးမိုးတို့မြို့ကကလေးထိန်းတစ်ယောက်ခေါ်ခဲ့ဖို့မှာလိုက််ခြင်းဖြစ်သည်။ကိုယ်ကလဲအလုပ်တစ်ဖက်နဲ့မို့သားလေး‌ကိုအချိန်မပေးနိုင်၊သားတစ်ခုခုဖြစ်မှာလဲစိုးရိမ်သည်ဒါကြောင့်ကလေး‌ထိန်းငှားရန်စီစဥ်လိုက်ခြင်းဖြစ်ပေသည်။‌ကလေးထိန်းတွေကလဲယုံကြည်ဖို့ခက်ခဲသည်မို့ကြီးမိုးကသူရဲ့အမျိုးတစ်‌ယောက်‌ခေါ်လာမည်ပြောသောကြောင့်လက်ခံလိုက်ရသည်။ဒါပေမယ့်...

"ကြီးမိုး ကျနော်ခေါ်ခိုင်းတာကလေးထိန်းဖို့ပါသူကထိန်းနိုင်ပါ့မလား"

"ထိန်းနိုင်ပါတယ်သားရဲ့ နောက်ပြီးရိုးရာကအိမ်မှုကိစ္စလဲနိုင်တော့ကြီးမိုးလဲကူဖော်ရတာပေါ့"

"မင်းနာမည်/အသက် ကရောဘယ်လောက်လဲ"

ထိုအခါမှကြီးမိုးဘေးကနေကျိုးမတက်ငုံထားတဲ့ခေါင်းထောင်လာတော့သည်လာကတည်းကတစ်ခွန်းမှမပြောဘူးစကားရောပြောတတ်ရဲ့လားရုပ်ရည်လေးကတော့မဆိုးသာပါဘူး၊ဒါတွေလဲမလိုပါဘူးသားလေးကိုသေချာစောင့်ရှောက်နိုင်ရင်ပဲရပြီ။

"ကျနော်နာမည်က ရိုးရာမြတ်သူ ပါအသက်က 25 ပါဗျ"

"မင်းငါ့သားကိုသေချာစောင့်ရှောက်နိုင်ပါ့မလား"

"စောင့်ရှောက်နိုင်ပါတယ်ဗျ ကျနော်ကလေးချစ်တတ်ပါတယ်"

"အေးငါ့သားတစ်ခုခုဖြစ်ရင် မင်းကိုအရင်သတ်မှာနော် "

ထိုလူကြီးပြောလိုက်တဲ့စကားကြောင့်ရိုးရာကြက်သီးပင်ထသွားရသည်။

"ဟုတ်.. ဟုတ်ကဲ့ပါဗျ ကျနော်အကောင်းဆုံးစောင့်ရှောက်ပေးမှာပါ"

A Baby is Beautiful Where stories live. Discover now