အပိုင်း(၁)Uni

25 4 1
                                    



'မောင်တို့ ဘာဆက်လုပ်ကြမလည်းဟင်'
ယောက်ျားတစ်ယောက်မှန်ပေမယ့် မျှော်လင့်ချက်မဲ့စွာ မျက်ရည်စလေးများ ပြည့်နေတဲ့ မျက်ဝန်းများဖြင့် စူးစိုက်စွာကြည့်ပြီးမေးလိုက်သည်။

'မောင် .......ကိုယ်တို့...'

စကားလုံးများ ထွက်မလာတော့ပါ
သူဘာပြောမလည်းဆိုတာကို မောင်ကောင်းကောင်းကြီးသိသည်။
သို့ပေမယ့် မောင်ကြားချင်သေးသည်။

'ကိုယ်တို့ ဘာဖြစ်လည်း......မောင့်ကိုဆက်ပြောပါဦး'
သူနှုတ်ခမ်းများတှုန်ရီနေသည်။ထို့အတူမောင့် မျက်နှာမှာလည်းမျက်ရည်များ အပြည့်။

'လမ်းခွဲ ကြ ရအောင် မောင်'
.
.
.
.
၂၀၁၈ခု နှစ် January လ

'သားရေ ..မောင်မောင်လတ် ..ထတော့လေ'
အပျင်းကြီးသူ ပြီပြီ အိပ်ယာစောစောမထတတ်။
ဒီနေ့လည်း တက္ကသိုလ် စတတ်ရမှာမို့ စစ်ကိုင်းမှ မိတ္ထီလာအဆောင်သို့သွားရမည် ဖြစ်သည်။

'ဟာ ဒီနေ့ အဆောင်သွားရမှာ ငါ့နဲ့ မေ့တတ်လိုက်တာ '
မောင်မောင်တစ်ယောက် ခက်သွက်သွက် ထလိုက်သည်။

'မောနီးပါ ချစ်မေမေ '
ဒေါ်အေးမေ တစ်ယောက် ရွှင်ပြပြပြုံးလိုက်ပြီး

'မောနီးနောက်မှပြော လုပ်စရာရှိတာမြန်မြန်လုပ်တော့ မေမေတောင်အဆင်သင့်ဖြစ်နေပြီ'

'ဟုတ်ကဲ့ပါမေမေရဲ့ မောင်ကလေ ဟိုမှာ သွားနေရင် ဒီချစ်မေကြီးကို အရမ်းလွမ်းနေရတော့မှာဗျ'
မောင်တစ်ယောက် ဒေါ်အေးမေကို ဖတ်ပြီး ကလေးတစ်ယောက်လို ချွဲတော့သည်။
'အမလေး မယုံဘူး သွားမြန်မြန်ပြင်ပြီးဆင်ခဲ့တော့ ....ငချွဲလေး'။

မောင်မောင်လတ်သည် အသက်၁၈နှစ် ဖြစ်ပေမယ့် ဖခင်မရှိတော့သည့်နောက်ပိုင်းတွင် တစ်အိမ်လုံးက အရမ်းချစ်ကြသဖြင့် ကလေးဆိုးကြီးဖြစ်နေပေသည်။ဆယ်တန်းအောင်သောအခါတွင် မိမိနေရပ်ဖြစ်သော စစ်ကိုင်း နည်းပညာ တွင်ရပါသော်လည်း အိမ်မှာမနေချင်၍ မတ္ထီလာကို ရအောင် လျှောက်သည်။ အထူးသဖြင့် မိမိ လုပ်ချင်တာတွေကို လုပ်နိုင်စေရရန် အဝေမှာ တတ်ချင်ပင်ဖြစ်သည်။
.........................................................................

BURN Where stories live. Discover now