သကြားခဲလေး - 12

8.5K 557 8
                                    

မန္တလေးကမနက်အစောကြီးပြန်လာသည်မို့အိမ်ကိုမနက်8နာရီလောက် ဧကနဲ့ဉာဏ် ပြန်ရောက်လာသည်။ဧကအလုပ်သွားရမည်ဖြစ်၍အထုတ်အပိုးချပြီးတာနဲ့အခန်းထဲလိုအပ်တာတွေဝင်ယူပြီး companyကိုသွားဖို့ပြင်နေပေမဲ့
ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ကိုကိုကတော့
ကွေးကောက်ကာဝင်အိပ်နေသည်။ကိုကိုနဲ့ခရီးတစ်ခါအတူသွားလိုက်ပြီးဧကသိလိုက်ရတာတော့ ကိုကိုကအအိပ်မက်တဲ့ကြောင်ပေါက်လေးဆိုတာပင်။ပြန်လာခါနီးကလည်း လေယာဉ်မမှီမှာစိုးလို့ ဧက မနည်းကိုနိုးခဲ့ရတာ။အခုလည်းကြည့်ဦးအခန်းထဲဝင်မအိပ်ပဲတွေ့ကရာမှာဝင်အိပ်နေပြန်ပြီ။

"ကိုကို အခန်းထဲဝင်အိပ်။ကိုယ် companyသွားတော့မယ်"

"........

ဧက နိုးပေမဲ့ ကိုကိုသည်တုံ့တုံ့မျှမလှုပ်ပါ။တကယ်အိပ်ချင်နေတာဖြစ််မည်။ညကလည်းသူနမ်းလိုက်လို့ကိုကိုအနေခက်ပြီးတော်ရုံနဲ့အိပ်ယာထဲဝင်မအိပ်တာဧကသတိထားမိသည်။ပါးစပ်‌ကတော့ ဘာလို့နမ်းသလဲမမေးပဲ လူကိုဖာသိဖာသာနေပြီးhotel ပြန်ရောက်ထဲက မျက်လုံးချင်းလဲမစုံတော့သလိုစကားလည်းမပြောတော့ပဲ
ငြိမ်ကုပ်သွားလိုက်တာများ တေမိမင်းသားဝင်စားသွားလေသလားပဲ။

"ကိုကို ထ...အခန်းထဲသွားအိပ်ပါဆိုကွာ။
မထချင်ဘူးလား။ကိုယ် ချီပြီးပို့ပေးခဲ့ရမလား
.... ဟင် လို့ .."

အချိန်ကလည်း companyမှာ mettingလုပ်မဲ့အချိန်နဲ့နာရီဝက်ပဲလိုတော့သည်။ကိုကိုကလည်း
ဂျီကျနေတာမို့ ဧက ထပ်မမေးတော့ပဲ ကိုကို့
ကိုယ်လေးကိုပွေ့ချီလိုက်လေသည်။နိုးလာမယ်ထင်တာမနိုးတဲ့အပြင်ရင်ခွင်ထဲသူ့ခေါင်းလေးနဲ့
လာမွှေ့နေပြန်ပြီ။ဒီနေ့အလုပ်မရောက်အောင်များလုပ်နေသလား ခင်များရယ်။

အိပ်‌ပျော်နေသူကိုဧက မွေ့ယာပေါ်အသာယာချပေးရင်စောင်ကိုခါးတစ်ဝက်လောက်ထိခြုံပေးလိုက်သည်။ဘေးတစ်စောင်းပြန်လှည့်ရင်း
ဘေးကဖက်လုံးကိုလက်နဲ့စမ်းပြီးကိုကိုကရင်ခွင်ထည့်ဖက်ရင်းအိပ်နေပြန်သည်။

"အရမ်းအိပ်ချင်နေတာလား။ကိုယ်ပွေ့ချီပြီးအခန်းထဲပို့ပေးတာတောင်မနိုးဘူးပေါ့"

သကြားခဲလေး(Complete)Where stories live. Discover now