သကြားခဲလေး-18

8.5K 575 35
                                    

မနက်ခင်းရဲ့အလင်းရောင်နဲ့ရာသီဥတုလေးကမနေ့ကထက်ကိုပိုလို့ကြည်လင်ပြီးတောက်ပနေသလိုပင်။အိပ်ယာထက်ကကောင်သေးသေးလေးကတော့ကိုယ်ပေါ်မှာခြုံထားတဲ့စောင်ကိုခြေထောက်လေးသုံးပြီးကိုယ်ပေါ်ကနေဖယ်ချသည်။မျက်လုံးလေးတွေကိုဖွင်ဟလာခြင်းမရှိပဲပက်လက်အနေထားကနေမှောက်အိပ်ရင်းခေါင်းအုံးအိအိလေးထက်‌မျက်နှာကိုဖွက်လျက်ဇိမ်ခံနေသေးသည်။

ပုံမှန်‌အလုပ်သွားချိန်ဖြစ်နေပြီအခုထိအခန်းထဲကထွက်မလာသေးတဲ့ဉာဏ့်ကိုဧကအပြင်မှာလုပ်စရာရှိတာလုပ်ရင်းစောင့်နေတာသူဖြင့်အလုပ်သွားရတော့မယ်ကိုကိုကအခုထိမထသေး။အိပ်ရေးကတော့ရှယ်မက်တာ။အစားကိုအအိပ်လောက်မမက်ပေမဲ့အစားလည်းအရမ်းစားတဲ့ကိုကို။မနက်စာဝိုင်းမှာကိုကို့အတွက်မုန့်ဟင်းခါးနဲ့လက်ဖက်ရည်ပြင်ဆင်ပေးပြီးတာနဲ့အအိပ်မက်သူလေးကိုနိုးဖို့ဧက ဉာဏ့်အခန်းထဲကိုလာခဲ့သည်။

နိုးနေတာကိုမထသေးပဲအိပ်ယာထဲလူးလိမ့်နေသေးတာ။စောင်ကိုလည်းကန်ချထားတာကုတင်အောက်တောင်ရောက်နေပြီ။ဧကကုတင်အောက်ကစောင်အပြာရောင်လေးကိုကောက်ပြီးတစ်ခါတည်းခေါက်ကာခြေရင်းမှာတင်ထားလိုက်သည်။အကျီလက်ကိုအနည်းငယ်အပေါ်ကိုဆွဲတင်ပြီးဉာဏ့်ဘေးနားမှာဝင်ထိုင်သည်။

"ကိုကို ထတော့ ကိုယ် အလုပ်သွားရတော့မယ်။
မနက်စာပြင်ပြီးပြီ။ကိုကိုနဲ့အတူစားသွားချင်လို့
ထတော့နော်"

"ဧက အလုပ်သွားတော့မှာလား။ဘယ်နှစ်နာရီရှိပြီလဲ"

"၈ခွဲပြီဗျ။ ထတော့နော်"

မထသေးပဲ အွန်း အဲ ဆိုပြီး သူ့ဘေးနားထိုင်နေတဲ့
ဧကရဲ့ခါးကိုသူ့လက်လေးနဲ့ဖက်တွယ်ရင်းဧကရဲ့ပေါင်ပေါ်မှာမျက်နှာလေးတင်ကာအိပ်ပြန်တယ်။
အသဲယားစရာကောင်းအောင်ကြောင်ပေါက်လေး
တစ်ကောင်လိုချွဲနေပြန်ပြီဖြစ်တဲ့ဉာဏ့်ကို ဧကရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။ပါးလေးကိုနစ်ဝင်အောင်ထိဧကသူ့နှုတ်ခမ်းလေးကိုအသုံးပြုကာအနမ်းပေးလိုက်တော့ ရင်ခွင်ထဲပိုတိုးဝင်လာသည်။

"လူကိုအဖြေမပေးသေးပဲ အခုလိုတွေချွဲနေတာကောင်းသလား ကိုကို။ကိုယ် အရမ်းအသဲယားလာပြီနော်"

သကြားခဲလေး(Complete)Where stories live. Discover now