၇နှစ်အရွယ် ချယ်ဗြောလ်
'ဆူဘင်းဘင်း..ငါက ဆူဘင်းဘင်းကို
သဘောအကျဆုံးသိလား'၇နှစ်အရွယ် ဆူဘင်းလေးမှာ ပါးချိုင့်ကြီးများပေါ်အောင်ပြုံးလျက်
........................................................................
၁၀နှစ်အရွယ် ချယ်ဗြောလ်'ဆူဘင်းနီး..ငါက ဆူဘင်းနီးကိုပဲသဘောကျ
တာမို့ ဆူဘင်းနီးကလည်း ငါ့ပဲသဘောကျရ
မယ်နော်'၁၀နှစ်အရွယ် ဆူဘင်းကတော့ ပြုံးရုံသာ
ပြုံးလျက်
........................................................................
၁၃နှစ်အရွယ် ချယ်ဗြောလ်'ဆူဘင်းကလွဲပြီး ဘယ်သူ့မှသဘောမကျဘူး
ဆူဘင်း တစ်ယောက်တည်းပဲ'၁၃နှစ်အရွယ် ဆူဘင်းကတော့ ဘာမှမပြောပဲ
ချယ်ဗြောလ်ကို ငေးကြည့်နေလျက်
........................................................................
၁၇နှစ်အရွယ် ချယ်ဗြောလ်'ဆူဘင်း ငါနင့်ကို သဘောကျတယ်'
'အင်း'
၁၇နှစ်အရွယ် ဆူဘင်း အင်းတစ်လုံးသာ
ပြောပြီး ချယ်ဗြောလ်ကို လျစ်လျူရှုလျက်
........................................................................
၁၉နှစ်အရွယ် ချယ်ဗြောလ်'ချွဲဆူဘင်း ငါနင့်ကို သဘောကျတယ်လို့'
'အင်း သိတယ်'
'ဟ သိတယ်ဆို တစ်ခုခုပြန်ပြောလေ'
၁၉နှစ်အရွယ် ဆူဘင်း ချယ်ဗြောလ်ကိုလည်း
မကြည့် အဝေးတစ်နေရာကိုသာ ငေးရင်း'ငါသိတယ်ဆိုတာနဲ့တင် ရနေပြီမဟုတ်ဘူး
လား''ဘာ..ဒီ ငါ..'
'အတန်းချိန်တောင်ပြန်စတော့မယ် ငါအရင်
သွားပြီ bye bye'သူမခေါင်းကို တစ်ချက်ပုတ်ကာ ဘောင်းဘီ
အိတ်ကပ်ထဲ လက်တစ်ဖက်ကိုထည့်ပြီး
ကျန်တစ်ဖက်ဖြင့် နောက်ပြန် တာ့တာပြကာ
ထွက်သွားသော ပုံရိပ်အားကြည့်ရင်း
ပတ်ခ်ချယ်ဗြောလ်တစ်ယောက် သွေးတက်
လျက်'အားးးးး ငါဒီကောင်နဲ့ ဘယ်လိုလုပ်ရမလဲ
အဲ့မျက်နှာကြီးကို ကုတ်ဆွဲပစ်ချင်လိုက်တာ
အဲ ကုတ်ဆွဲလိုက်ရင်လည်း နာသွားမှာပေါ့
အားးးး ချွဲဆူဘင်းးး စောက်မြင်ကကပ်လာပြီ
အာဘွားတွေပဲ အသက်ရှူကျပ်အောင် ပေးပစ်
ချင်လာပြီ အားးးးး'