ဆူဘင်း ချယ်ဗြောလ်ကို စသိတာ သူ့အသက် ငါးနှစ်အရွယ်ထဲက ဖြစ်သည်။သူနှင့်ရွယ်တူ ကလေးဖြစ်ပါလျက်တခြားကလေးများနဲ့
မတူ မျက်နှာထားတည်တည်နဲ့ ချယ်ဗြောလ်ကို ဆူဘင်း ထိုအချိန်က ကြောက်ခဲ့သည်ဟု
ပြောလျှင် လိမ်ရာမကျပေ။တခြားသူများနှင့် စကားသိပ်မပြောပဲ သူများတစ်ခွန်းမေးမှ သူတစ်ခွန်းပြန်ဖြေတတ်သော ချယ်ဗြောလ်
သည် ဆူဘင်းကိုတော့ အရင်လာ နှုတ်ဆက်ကာ သူငယ်ချင်းလုပ်ရန် ပြောဆိုခဲ့သည်။
ထိုအချိန်ထဲက ပတ်ခ်ချယ်ဗြောလ်သည်
ချွဲဆူဘင်းကိုဆိုလျှင် တခြားသူများနဲ့
မတူစွာ ဆက်ဆံခဲ့ခြင်းပင်။တစ္စတစ္စ ချယ်ဗြောလ်နှင့်ခင်မင်လာကာ
ဆူဘင်းမှာ ချယ်ဗြောလ်ကိုလည်း မကြောက်တော့ပေ။သူ့အပေါ် အလွန်ကောင်းသော
သူနှင့်အတူ အမြဲကစားပေးသော သူ့ပါးဖောင်းဖောင်းလေးများကို သူမလက်လေးနှင့်
တို့ကာ ချစ်ဖို့ကောင်းကြောင်း အမြဲပြောသော
ချယ်ဗြောလ်မှာ သူ၏အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ဖြစ်လာခဲ့သည်။ထိုအချိန်ထဲက ဆူဘင်းဖွင့်မပြောခဲ့သည့် အရာတစ်ခုမှာ ချယ်ဗြောလ်နည်းတူ သူသည်လည်း
ချယ်ဗြောလ်၏ ရီလိုက်တိုင်း မို့တက်လာသော ပါးလေးများကို အလွန်သဘောကျခြင်းပင်။သို့သော်လည်းချွဲဆူဘင်းမှာ တစ်စုံတစ်ယောက်နှင့်မတူ အလွန်ရှက်
တတ်သော ကလေးဖြစ်သောကြောင့်
ထိုစကားတို့ကို ဘယ်သောအခါမှ
ထုတ်မပြောဖြစ်ခဲ့ပေ။ချယ်ဗြောလ် ဆူဘင်းကို သဘောကျတယ်ပြောတိုင်း ဆူဘင်းမှာ ချယ်ဗြောလ်သဘော
ကျသည့် ပါးချိုင့်ကြီးများပေါ်အောင် ပြုံးလျက်ရှိသည်။၇နှစ်အရွယ် ဆူဘင်းလေးက
ချယ်ဗြောလ်ကိုလည်း သူသဘောကျကြောင်း ပြောချင်ပေမဲ့ ထုံးစံအတိုင်း တစ်စုံတစ်ယောက်နဲ့ မတူစွာ ပြောရမည်ကို ရှက်သောကြောင့် အမြဲ ချယ်ဗြောလ်
ပြောသမျှကိုသာလျှင် ပါးချိုင့်ကြီးများ ပေါ်သည်အထိ သေဘာတကျ နားထောင်လျက်ရှိသည်။
......................................................................
ဆူဘင်း အိမ်မှာနေရတာ မပျော်ပေ။အရင်က ပျော်ရွှင်ဖွယ်ကောင်းသော သူတို့အိမ်လေးမှာ အခုတော့ အရင်လိုမဟုတ်တော့ပေ။အမြဲလိုလို ရန်ဖြစ်နေသော ဆူဘင်းကိုပင် ဂရု
မစိုက်တော့သော မိဘနှစ်ပါးကြောင့် ဆူဘင်းမှာ အိမ်မှာနေရသည်ကို မပျော်တော့ပေ။ကျောင်းတွင် ဆရာမများ သူငယ်ချင်းများ အထူးသဖြင့် သူ့ကိုသဘောကျပေးသော ချယ်ဗြောလ်ကြောင့် ပျော်ရွှင်ရသော်လည်း
အိမ်ရောက်ပြီဆိုလျှင် ဆူဘင်း အထီးကျန်
ရသည်။