💒{episode_4}💒

100 11 2
                                    

ဆော့ဂျင်လေး တစ်ယောက် ဘတ်စ်ပေါ်အိပ်ပျော်ပြီး
မှတ်တိုင် မှား ဆင်းသဖြင့် အိမ်သို့ ဟိုလူညွှန်း ပေးသလို
တက္ကစီငှား ၍ သာ ပြန်လာခဲ့သည်။

အိမ်ရှေ့ရောက်တော့ ကား‌ပေါ်မှ ဆင်းကာ
အကြောတစ်ချက် ဆန့်ကာ သန်းဝေလိုက်တော့_
ကားပေါ်က တက္ကစီသမားရဲ့ မကျေမနပ်ဆိုသံက

"ဟေ့လူ ကားခ ရှင်းအုန်းလေဗျာ "
စွာတေး ဆော့ဂျင်တို့ကလည်း ငြိမ်မခံ;
"ပေးပါ့မယ် ဘယ်လိုများ ဖြစ်နေတာလဲ
ခင်ဗျား လိုက်ပို့တဲ့သူရဲ့အိမ်ကိုလဲ တစ်ချက်ရှိုးလိုက်အုန်း
ခင်ဗျား ကားခတင်မဟုတ်ပု ၊ခင်ဗျားကားလိုမျိုးကားကို
တောင် ဆယ်စီး ဆယ်စီး ဝယ်လိုက်လို့ရတယ်ရှင်းတယ်နော်
ပြောရင်းဖြင့် လက်ကောက်ကောက်လေးဆယ်ချောင်းကိုလဲ
ထောင်ပြဖြစ်အောင် ပြလိုက်သေးသည်။

"‌အေးပါဗျာ အခုတော့ ကားဆယ်စီးမဝယ်ခင်
ကျုပ်ကားခ လေးပဲ ပေးပါအုန်း "

"ပေးမှာပါ ခနစောင့် "

ပြောရင်းက ဆော့ဂျင် ဘောင်းဘီအိတ်ထဲ နှိုက်လိုက်တော့
ပိုက်ဆံအိတ်ကမရှိတော့။
ဟိုက် သွားပြီ မနက်က ပြေးရင်း ကျကျန်ခဲ့တာပဲဖြစ်ရမယ်။

အောင်မလေး ကားသမားကို ပြောထားတာတွေ၊
အရှက်တွေတော့ကွဲပါပြီ။

"ဟိုကားသမား "

"ရပြီလား ကားခ ပေး "

"ခနလေးနေပါဦး ဘယ်လိုများဖြစ်နေတာ ပေးမှာပေါ့
အခုဟာက ပိုက်ဆံက အိမ်ထဲသွားယူမှ ရမှာမို့ ခနစောင့်
ကြားလား"

"ခုနက ကြတော့ ကျယ်ကျယ်ကြီးကြီးတွေပြောနေပြီး
ခုကျတော့ ခင်ဗျားဟာက သေချာလို့လား
တော်ကြာ အိမ်ထဲဝင်ပြီး ပြန်မထွက်လာရင်
ကျုပ်လဲ မပြန်ဘူးနော် ဒီ‌ခြံရှေ့မှာ အိပ်ပြီးတော့ကိုစောင့်နေမှာ"

"အောင်မလေး အဲ့လောက်တောင် လိုချင်နေတာလား"
"ဟာ ခင်ဗျားတို့လို ဘောစိတွေ မဟုတ်ဘူးဗျ စားဝတ်နေရေးဆိုတာ ရှိသေးတယ် "
"ကဲပါ ကဲပါ သွားယူလိုက်အုန်းမယ် ခြံရှေ့မှာ စောင့် "
ဆော့ဂျင် တစ်ယောက် ခြံသော့ မပိတ်ထားတာတွေ့တော့
စိတ်‌က ငယ်ထိပ်တတ်ဆောင့်ပြီး ကြက်ပေါက်ကို ထုချင်
လာသော်ငြား ကားခပေးရန်သာ အရင်ပြင်လိုက်ကာ_
အိမ်ထဲဝင် ၊ တီဗီခုံအောက်က အကြွေ ထည့်တဲ့ ဘူးလေးထဲက ကားခ ပြည့်အောင် နှိုက်လိုက်ပြီး
ပြန်ထွက်ကာ ကားသမားကိုပေးလိုက်သည်။

💒//အဆောင်ဖူးစာ//💒Where stories live. Discover now