Unknown Call /Unicode

3K 409 22
                                    


မဖတ်ခင်ပြောချင်တာက ဒါအိုင့်ရဲ့ကိုယ်ပိုင်အတွေးတော့မဟုတ်ပါဘူး။
More than friendဆိုတဲ့Dramaရဲ့ဇာတ်ကြောင်းကိုအလစ်တဲလေးယူထားပါတယ်။
ခရစ်စမတ်မှာ မဒိတ်ပေးလိုက်ရလို့ဒီညအပြီးရေးပြီးဒိတ်ပေးတာပါ ..။

×××

Unknown Call

×

ဘ၀မှာ လွှဲမှားပြီး၀င်လာတဲ့ဖုန်းကောလ်တွေရှိတယ်။
လိပ်စာမှားပြီးရောက်လာတတ်တဲ့ စာတွေလည်းရှိတယ်။
မှတ်တိုင်မှားပြီး ရောက်သွားတတ်တဲ့ခရီးတွေလည်းရှိတယ်။
ပြီးတော့ .. ရင်ခွင်မှားပြီးရောက်လာတတ်တဲ့ချစ်ခြင်းတွေလည်းရှိတယ်။

[2019ခုနှစ် ခရစ်စမတ်မတိုင်မီ၂ရက်အလို ]

" ဟယ်လို "

နီးကပ်လာတဲ့ခရစ်စမတ်ကြောင့် လမ်းတစ်လျှောက်နဲ့ပန်းခြံတချို့မှာခရစ်စမတ်အငွေ့အသက်တွေကိုစတင်ခံစားနေရပြီဖြစ်သည်။
အထပ်မြင့်အဆောက်အဦးရဲ့အစွန်အဖျားနေရာတစ်ခုပေါ်မှ ဆိုးလ်မြို့ရဲ့ညမြင်ကွင်းကိုလှမ်းမျှော်ကြည့်နေရခြင်းဟာသိပ်ကိုရင်ထိတ်စရာကောင်းနေသည်။ထို့အပြင် ကြည်နူးစရာလည်းကောင်းသည်။

" ခွေးနဲ့ တူတဲ့ခွေးလိုကောင် "

" အဟွတ်..ဟွတ် "

ကြားလိုက်ရတဲ့ဖုန်းတစ်ဖက်ကစကားသံကြောင့်သောက်လက်စ ကော်ဖီပူပူတွေသည်လည်ချောင်းထဲစီး၀င်သွားခြင်းကိုဆန့်ကျင်လို့နှာခေါင်းမှပြန်ထွက်ကျလာသည်။
ဖုန်းနံပတ်ကိုသေချာပြန်ကြည့်တော့လည်းတခါမှမြင်ဖူးတဲ့ နံပတ်ဖြစ်သည်။

" ဘာ ..ဘာဖြစ်တယ် "

" တစ်ကိုယ်ကောင်းဆန်ပြီးလူစိတ်မရှိတဲ့ကောင် "

" အခုပြောနေတာဘယ်သူလဲ..။ရူးနေပြီလား "

" အေးရူးနေပြီ။ရူးနေတယ်.. နင့်လိုလူမျိုးကိုချစ်နေသေးတဲ့ငါ့ကိုယ်ငါလည်းအရူးလို့ပဲသတ်မှတ်ထားတယ် "

ငိုသံတွေရောထွေးပါ၀င်နေပြီးမပီမပြင်ဖြစ်နေတဲ့ စကားသံကြောင့်ဖုန်းတစ်ဖက်ကမိန်းကလေးမူးနေခြင်းဖြစ်နိုင်သည်ဟု လီဆာသတ်မှတ်လိုက်သည်။

Unknown Call / Jenlisa ONESHOTWhere stories live. Discover now