- second meet -

2.3K 167 20
                                    

Unicode

Can you plz give me vote?

“ ကဲ!ကဲ..ဒီနေ့ဆရာမတို့ ကျောင်းကို အရင်နှစ်က အထက်တန်းပြီးသွားတဲ့ မင်းတို့ရဲ့စီနီယာတွေလာလိမ့်မယ်”

အတန်းထဲ၌ ဆူနေသော ကျောင်းသားများအား
black-board ကို နှစ်ချက်လောက်ထုပြီး
ဆရာမအသိပေးလိုက်သည် ။

“ဝိုး..ဟို စီနီယာ5ယောက်ပါတဲ့ အတန်းလား”

အရှေ့ကကောင်လေး၏
နောက်ကျောကိုဘောပင်ဖြင့်
တို့ကာလီဒါယာကမေးသည်။

“မသိဘူး!”

လီဒါယာ ရဲ့အမေးကို ပြတင်းပေါက်‌
ဘေးတွင်ခပ်‌ဆွေးဆွေး ထိုင်‌နေသော
ကောင်လေးက သူ၏အာရုံများ
လွှင့်ပြယ်သွားသည့်ဟန်ဖြင့်
ခပ်အောင့်အောင့်ဖြေ၏။

“မနှစ်က King 5ယောက်ပါတဲ့
စီနီယာအတန်းလေ
ငါတို့ကောဂျူနီယာတွေကော
တခြားစီနီယာတချို့ကပါ
အဲ့စီနီယာ 5ယောက်ကို ဖိန့်ဖိန့်တုန်အောင်
ကြောက်ခဲ့ရတာလေ”

“အွန်း..ပြောလို့ပြီးပြီလား..
ဒါဒါ ငါပုံဆွဲဖို့အာရုံစိုက်လို့မရတော့ဘူး”

“‌‌ င‌ချေကောင်
ငါ့ကိုတောင်ချေနေသေးတယ်
အဲ့နေရာမှာထိုင်ပြီး တစ်သတ်လုံး
စိတ်ကူးယဉ်ပြီး ပုံဆွဲနေ”

မကျေမနပ်လေသံဖြင့် သူငယ်ချင်းမက
ပြောသည်။ သူကလည်းသူပါလေ~
အရင်ကနဲ့မတူ ငယ်သူငယ်ချင်းမလေး
ကိုတောင် စိမ်းကားမိသွားတယ်မလား..

စိမ်းကားမိသွားရင် ခွင့်လွှတ်ပါ..
အေးစက်စက်နေရတာ
သူ့သဘာဝလိုဖြစ်သွားခဲ့ပြီ

“ဟေး..ဆူညံမနေနဲ့တော့..
မင်းတို့ စီနီယာတွေပြောတာသေချာဂရုတစိုက် မှတ်သားပြီး သင်ယူကြပါ
ဒီနေ့အတွက် သူတို့ကပဲသင်ပြပေးလိမ့်မယ်”

“ရေးး”

တခန်းလုံးရဲ့ ပျော်ရွှင်တက်ကြွသံ..

စီနီယာတွေစာသင်မယ်ဆိုတော့
တစ်တန်းလုံးပျော်ရွှင်သွားကြသည်။
စီနီယာတွေက စာမသင်ဘဲ တခြားပျော်စရာတွေ
ပြောပြပြီး ဆော့ခွင့်ပေးကြသည်လေ။

တဆက်တည်းမှာပင် ကြောက်ခဲ့ရတဲ့
စီနီယာ 5ယောက်ထဲက တစ်ယောက်တောင်
ဤအတန်းကို မလာစေပါနဲ့ဟု ကြားဖူးသမျှ
မန္တာန် ၊ဂါထာတွေ ရွတ်ဆိုကြပြန်သေး၏။

FOND OF SENIOR KIM ✓ Where stories live. Discover now