Extra - one year anniversary

939 75 11
                                    

Unicode

Can you give me vote and feedback?

ဒီနေ့ဟာ စီနီယာကင်မ်နဲ့ ကောင်လေးတို့ရဲ့
တစ်နှစ်ပြည့်မို့ ဖေကြီးနဲ့‌ မေကြီးတို့က
အသေးစားပါတီပွဲလေးလုပ်ပေးကြသည်။

ပါတီလုပ်တဲ့နေရာက စီနီယာကင်မ်မွေးနေ့
လုပ်သည့်နေရာပင်။
‌ကွန်ဒိုမှာဆို အခက်အခဲဖြစ်မှာစိုးလို့
ဖေကြီးနဲ့မေကြီးက
အိမ်မှာစီစဉ်ပေးခြင်းပင်။

ထူးထူးခြားခြား ကောင်လေးရဲ့အဖေလည်း
ပါတီထဲတွင်ရောက်နေသည်။
တစ်နှစ်ပြည့်မို့
ကောင်းချီးတွေနဲ့အတူ
ဂုဏ်ပြုပေးဖို့ရောက်ရှိနေခြင်း။

" ဖေဂျွန် ကျွန်တော်တို့ကိုဂုဏ်ပြုပေးလို့
ကျေးဇူးတင်ပါတယ်
ကျွန်တော်က ဖေဂျွန်ရဲ့သား ဂျွန်ကူးကူးကို
အများကြီးဂရုစိုက်ပေး‌တာမို့ စိတ်မပူပါနဲ့"

စီနီယာကင်မ်သည်
အခုမှထိုသို့ပြောခြင်းမဟုတ်။
ဖုန်းအဆက်အသွယ်ရတိုင်းလည်း
ပြောတတ်သည်။

"ဂျင်ရေ သားဂရုစိုက်မှန်း
အဖေကသိပြီးသားပါ
အဖေ့သားအရင်းကသာ
သားကိုဂရုစိုက်ရဲ့လားမေးရမှာ
အခုတလော သားရဲ့ ကူးက
ပန်းချီကားပြပွဲအတွက်
ပြင်ဆင်နေတာဆိုတော့ အ‌ဖေ့သားကြီးကို
သေချာရော စေ့စေ့ကြည့်ရဲ့လား"

စီနီယာကင်မ် ဖေဂျွန်အား
အပြုံးတစ်ပွင့်နဲ့သာ တုံ့ပြန်နိုင်တော့သည်။
ကောင်လေးနဲ့ သူစကားသေချာမပြောဖြစ်တာ
နှစ်လ လောက်ကျော်ပြီ။ ဒါကလည်း
ကောင်လေးအတွက်အရေးကြီးတဲ့
ပန်းချီပြပွဲအတွက်ကြောင့်ပင်။
သာမာန်လျှံကာ မဟုတ်သည့်အပြင်
နိုင်ငံတော်အစိုးရ၏ တောင်းဆိုမှုနဲ့‌
ဖိတ်ကြားချက်ကြောင့် ကောင်လေးမှာ
နေ့မအိပ်ညမအိပ်
အလေးအနက်ကြိုးစားနေရှာရသည်။
ထိုပွဲသည် ကိုရီးယားနိုင်ငံ၏
ယဉ်ကျေးမှုနှင့်လည်း
သက်ဆိုင်‌နေသည်။

ကောင်လေးပါဝင်ဖြစ်ပုံကတော့
ကူးလုံးလေးဟာ
ပန်းချီကားတွေဆွဲရင်း အရောင်းပြပွဲတွေမှာ
ဝင်ပြိုင်နိုင်အောင်ကြိုးစားသည်။
ကောင်လေးက စိတ်သဘောထားကောင်းသူပီပီ
ပန်းချီကားတွေကို အခမဲ့ဆွဲပေးဖို့
မဲဖောက်တဲ့အချိန်မှာပဲ
ပေါက်သွားသူက နိုင်ငံတော်အစိုးရ၏မြေး
ဖြစ်နေသည်။ အစကမသိခဲ့ပေမယ့်
ကောင်လေးရဲ့ လက်ရာကို မြေးဖြစ်သူက
ကြိုက်နှစ်သက်ရာကနေ
သမ္မတကြီးရဲ့မြေးဖြစ်ကြောင်း
လာမယ့် ယဉ်ကျေးမှုပြပွဲမှာ ပါဝင်ပေးဖို့ထိ
တောင်းဆိုကာ ဖိတ်စာနဲ့တကွ ‌ဖိတ်ကြားသည်။

FOND OF SENIOR KIM ✓ Where stories live. Discover now