Please" Kiss Me

891 46 24
                                    


"ဝမ်ရိပေါ်!"

နမ်းခံနီးလေးကြမှရှောင်ကျန့်အော်သံကြောင့်ထိုမိန်းကလေးမှာလန့်သွား၍အသံလာရာဘက်ကိုကြည့်လိုက်တယ်ရိပေါ်လဲထိုနည်းတူစွာလှည့်ကြည့်လိုက်ချိန်ရှောင်ကျန့်ရဲ့မျက်ဝန်းထဲမှာမယုံကြည်နိုင်မှုတွေရိပေါ်မြင်တွေ့နေရသလိုပဲ

ရှောင်ကျန့်ထင်တာကရိပေါ်ကိုသူဖွင့်ပြောမိတာမှားပြီလားရိပေါ်ကိုvdပို့ပြီးနောက်ပိုင်းရိပေါ်ရှောင်အိမ်တော်လဲရောက်မလာဘူးနေမကောင်းလို့လားသိချင်လို့ဖုန်းခေါ်ပြန်လဲမကိုင်ဘူးစာမလာသတင်းမကြားဖြစ်နေတော့ရှောင်ကျန့်နောင်တရတယ်ဒီလိုအခြေနေလေးနဲ့လဲအဆင်ပြေနေတာကိုတစ်ဆင့်တက်မိတာအတန်းသွားရင်ရိပေါ်အစားဖိလစ်ကပဲလိုက်ပို့ရတယ်ဒါပေမဲ့ပျော်ဖို့မကောင်းသလိုနွေးထွေူမှုရရှိတယ်လို့မခံစားရတော့ဘူးဘာကြောင့်ဆိုရှောင်ကျန့်ဘေးနားရှိသူကရိပေါ်မဟုလို့ပဲအခုလဲစိတ်ညစ်လို့ ကလပ် လာလိုက်တာမြင်တွေ့လိုက်ရတာကရင်ဝကိုစောင့်ကန်လိုက်သလိုပါပဲ

"ရှောင်ကျန့်?"

ဆိုကာနာမည်ခေါ်ပြီးအနားလာဖို့လုပ်နေစဉ်ထိုကောင်မလေးကလက်လမ်းဆွဲလိုက်တာ။လက်သီးတင်းတင်းစုပ်ပြီးပါးပေါ်ကမျက်ရည်တွေလစ်လှုရှုကဆိုင်အပြင်ထွက်လာလိုက်တယ်။

"မင်းငါ့လက်ကိုလွတ်"

"ယူစပြီးဒီတိုင်းထားခဲ့လို့တော့မရဘူးလေ"

"အတာဆိုလဲ လဲသေလိုက်ပေါ့ဟာ!"

ဟုဆိုပြီးထိုမိန်းခလေးလက်အားခါချကာရှောင်ကျန့်နောက်အမှီလိုက်တော့တယ်

"ရှောင်ကျန့်----ရှောင်ကျန့်"
"ရှောင်ကျန့်".

အနောက်ကနေအဆက်မပျက်ခေါ်နေတဲ့ရိပေါ်အသံကို‌ကြားတယ်ဒါပေမဲ့ရှေ့ဆက်ပြီးပဲသွားနေမိတယ်ခြေလှမ်းတွေရပ်တန့်သွားတဲ့ရှောင်ကျန့်အနောက်ကိုအမြန်လည့်ကြည့်လိုက်တော့ရိပေါ်သူ့လက်ကိုဆွဲထားတယ်

"ငါ့လက်ကိုလွတ် ရိပေါ်"

"မလွတ်နိုင်ဘူး"

"မလွတ်နိုင်ရတဲ့အကြောင်းရင်း--?"

"မင်းအထင်လွဲနေတယ်"

Please' Kiss MeWhere stories live. Discover now