Please" Kiss Me (The end)

1.3K 51 14
                                    


"ချစ်တယ် ရှောင်ကျန့်"

"ဟင်!"

"ကိုယ်မင်းကိုချစ်တယ်"

ရိပေါ်ရှောင်ကျန့်မကြားလိုက်ဘူးထင်၍ထပ်မံချစ်ရေးဆိုတယ်

"ဝမ်ရိပေါ် မင်းကစားနေတာတွေရပ်တော့"

"ကိုယ်ကစားနေတာလဲမဟုပ်ဘူး ကိုယ်မင်းကိုဂရုစိုက်ပေးမှုတွေက အလုပ်ကြောင့်လဲမဟုပ်ဘူး ကိုယ်မသိဘူးမင်းကိုချစ်နေမိမှန်း ကို့ယ်ကို ကိုယ် စမ်းသက်ဖို့လုပ်ကြည့်ပြီးကလပ်ကကောင်မလေးကိုနမ်းဖို့လုပ်ပေမဲ့ စိတ်ထဲကဗလာနတ်ထိ မင်းကိုအမြဲ အိမ်ရာဝင်နမ်းပေးတုန်းကလောက်ကိုယ်ရင်မခုန်ဘူး
ဒါပေမဲ့ စမ်းသက်မှုတောင်မအောင်မြင်သေးဘူး မင်းလေးကအထင်လွဲသွားတယ် ဟူးး"

ချစ်ရည်ရွမ်းနေတဲ့မျက်ဝန်းတွေနဲ့ရှာင်ကျန့်မျက်နာလေးကိုလက်နဖက်ဖြင့်အုပ်ကိုင်ပြီးစိုက်ကြည့်ကာစကားတွေဆက်တိုက်ပြောသွားတယ်ရိပေါ်ကသက်ပျင်းချပါတယ်

"အဲ့တာဆိုမင်းငါ့ကိုချစ်တယ်ပေါ့!"

"ဟော ချစ်ပါတယ်ဆိုဗျာ"

"လူဆိုးကောင်"

ရင်ဘက်ကိုလက်သီးစုပ်လေးနဲ့တစ်ဘုန်းဘုန်းထုပြီးအော်ငိုပါတယ်

"စာမလာသတင်းမပါးပဲပျောက်သွားတာငါ့မှာမျှော်နေလိုက်ရတာ ပြီးကြတော့ သူ့ကိုသူစမ်းသက်တာတဲ့ ချစ်လို့ချစ်မှန်းမသိဘူးလား ငါလူးကောင်ရဲ့"

"ရှောင်သခင်လေးကဆဲတက်တယ်ပေါ့"

"မင်းမို့ ချစ်လို့ဆဲတာ"

"ဟွန်း အဲ့နှုတ်ခမ်းလေးကိုအပစ်ပေးချင်တာ"

"မရဘူး မင်းငါ့ကိုအိမ်ရာဝင်အနမ်းတောင်းတိုင်း နဖူးပဲအမြဲနမ်းတာအခုလဲပေးမနမ်းနိုင်ဘူး"

"ရှောင်ကျန့်သိလား ဒုတိယကြိမ်မြှောက်အနမ်းကပိုချိုတယ်"

"ဒုတိယ?"

"အိမ်ပျော်နေတဲ့ကလေးပေါက်စနှုတ်ခမ်းကိုခိုးနမ်းသွားတာဒီကလေးကမသိရှာဘူးပဲ"

"မင်း-----"

ရိပေါ်ကိုလက်ညိုးတစ်ထိုးထိုးနဲ့ပြောစရာစကားရှာမရဖြစ်နေသောယုန်ပေါက်ရှောင်ကျန့်ခါးကျင်ကျင်လေးကိုရိပေါ်လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ပြီးရင်ဘက်ချင်းထိအပ်ပစ်လိုက်တယ်နှစ်ယောက်လုံးနှုတ်ခမ်းချင်းကမထိတထီ ကျီစယ်လို့

Please' Kiss MeWhere stories live. Discover now