Ep. 10💭(if only)

85 7 0
                                    

Sunday. ...." ဘာလိုလိုနဲ့ရောက်လာခဲ့ပြီရော်....

သူဋေးကလဲခွင့်တောင်းတော့အလွယ်တကူပေးလိုက်တာက ကံကောင်းတယ်လို့ပြောရမလား သူအလုပ်ဝင်တာနှစ်ရက်မပြည့်သေးဘူးလေ......:

ရိပေါ်တယောက် ရင်တွေအရမ်းခုန်နေရပါတယ် သူရဲ့ယုန်ဖြူလေးကို ချစ်ခွင့်တောင်းမဲ့နေ့လေး ရောက်လာခဲ့ပြီလေ...:အချိန်နီးလာလေရင်ခုန်လာလေပဲ......

📱 ဒူ ဒူ ဒူ
သူရဲ့ယုန်ဖြူလေးရောက်နေပြီနဲ့တူတယ်....

ဟယ်လို..

ဟိုရိပေါ် ကောရိပေါ်ပြောတဲ့နေရာရောက်နေပြီ...

အာ ဝင်လာခဲ့လေခင်ဗျား အထဲမှာကျုပ်ရှိတယ်....

သူလဲရိပေါ်ပြောတဲ့အတိုင်း အိမ်လေးထဲဝင်သွားတော့...
  အစိမ်းရောင်မီးလုံးလေးတွေနဲ့အနီရောင်မီးလုံးလေးတွေက မှိက်တုက်တုက်နဲ့ရယ် ကျန်တာဘာမှသူမမြင်ရ.....

နဲနဲလေးလျောက်လာပြီးတော့ Stopဆိုတဲ့စာလုံးကြီးကြီးလေးတွေနဲ့အတူမီးတွေလဲလင်းထိန်လာတော့ အခန်းတခန်းလုံးမှာ...
သူအလုပ်လိုက်ရှာတဲ့ပုံတွေ ဆေးရုံမှာ သူဖွားကိုစောင့်ပေးနေတဲ့ပုံတွေ အဘက်ဘက်ကမှခိုးရိုက်ထားတဲ့သူပုံတွေ....ပြီးတော့
ရင်တုန်နေရတယ် ဒါတွေက သူအတွေးမဆုံးခင်...

ကျန့်ကောအနောက်ကိုနည်းနာ်းလောက်လှည့်ကြည့်ပေးပါ...

သူလှည့်ကြည့်လိုက်တော့ နှင်းဆီပန်စီးကြီးနဲ့သူကိုရပ်ကြည့်နေတဲ့ သူရဲ့ဝမ်...

ကျန့်ကော ချစ်တယ် အာ မဟုက်သေးပါဘူး ချစ်တယထက်ပိုတာ ဟုက်တယ် ကျန့်ကောကို ဒီကဝမ်ရိပေါ်ဆိုတဲ့ကောင်က မြတ်နိုးတယ် မြတ်နိုးရလွန်းလို့လဲအရူးရင့်နေပြီ ကျန့်ကော ကျုပ်ကို ပြန်ချစ်နိုင်မလား...

......

စတိုးဆိုင်မှာတွေခဲ့တဲ့ကျန့်ကောကိုချစ်တယ် ​ဘယ်သူစကားမှနားမဝင်ခဲ့တဲ့ကျုပ်က အဲ့နေ့က ခလေးတွေကလိမ်မာရတယ်​ဒါမှအနာဂတ်မှတက်လမ်းတွေရှိလာမှာကိုယ်ကိုမပျက်ဆီးပါစေနဲ့ကောင်လေး လို့ဆုံးမလိုက်တဲ့ကျန့်ကောရဲ့စကားကြောင့်ကျုပ်အများကြီးပြုပြင်ခဲ့တယ် သေချာတယ် အနာဂဏ်မှာလဲ ကျန့်ကောက ကျုပ်ကိုလမ်းပြပေးမဲ့ အလင်းတန်းလေးမလို့ ကျုပ်ကိုပြန်ချစ်ပေးလို့ရမလား.....

.....

ကော ကျန့်ကော တခုခုပြန်ပြောပါအုန်း ဒါမှမဟုက် ကျုပ်ကိုမချစ်တာလား ကျန့်ကော....

"::::သူဝမ်ရဲ့ ချစ်ခွင့်တောင်းမူကြောင့်အကြီးကြီးလျော့ရသွားတယ် ပြန်ပြောဖို့ စကားလုံးတွေရှာမရ သူ သူ တကယ်ပျေယ်ရပါတယ် ဒါပေမဲ့ ဝမ်ကချမ်းသာတဲ့သူ သူကအခုချိန်ထိအလုပ်လိုက်ရှာပြီး ရုန်းကန်နေရတဲ့အချိန် ဆင်းရဲတဲ့သူနဲတွဲရင် ဝမ်ရဲ့ရလဒ်က မကောင်း သူ ငြင်းပါ့စေ အခုချိန်မှာ ငြင်းပါ့ရစေ...

ငါလားဟင့်အင်း မင်းလိုဆိုးပေနေတဲ့သူကို ငါကြိုက်တဲ့အရာတွေလောက် အရေးမပေးတာမို့ ဆက်ပြီးငါနှောက်ကိုလိုက်ပြီးနှောင့်ယှက်နေတာတွေရပ်ပေးရမလား သူဋေးသားလေးဝမ်
ငါဘဝနဲ့ငါအကြောင်းကိုဝင်မစွက်ဖတ်ပေးဖို့ တောင်းဆိုပါ့ရစေ ငါဘဝက မင်းတို့နဲ့မတူဘူး အဲ့တာကြောင့် ဒီမှာတင်ပဲရပ်သင့်တယ် ဝမ်ရိပေါ် ငါတို့ကမသိခဲ့ဘူးလို့တွေးခဲ့လိုက်ပါ...

သူပြောချင်တာပြောပြီး ပြေးထွက်လာမိတယ် ဝမ်ဘာဖြစ်နေမလဲဆိုတာ သူမကြည့်ရက်ပါ ချစ်တယ် ကျန့်ကောက အများကြီးချစ်တယ်တယ် အများကြီးပဲ အများကြီးချစ်တာမလို့
ဝမ်အချစ်တွေကိုမခံယူရဲတဲ့ ကောကိုခွင့်လွှက်ပါ....

သူအိမ်ပြန်ရောက်တော့ ကြမ်းပြင်မှာလဲကျနေတဲ့ဖွား...

ဖွား ဖွား အရမ်းအေးစက်နေတဲ့ဖွားကြောင့် သူလန့်သွားမိတယ်
အသက်ရူမရူစမ်းမိတော့ အသက်မရူတော့တဲ့ဖွား...

ဘေးအိမ်ကလူတွေရဲ့အကူညီကိုယူပြီး သူဖွားရဲ့ နာရေးကိုပြင်ဆင်လိုက်ရတယ်....

အောက်တိုဘာလရဲ့ Sunday မှာ သူတန်ဖိုးထားရတဲ့အရာတွေကို သူဆုံးရှုံးခဲ့ရတယ်...

တဖတ်မှာလဲ...:

ကျန့်ကောရာ အလောက်ထိရက်ဆက်ရသလား ခင်ဗျားရယ်
   ခင်ဗျားကို ကျုပ်ချစ်တာ သေလောက်အောင်ချစ်တာ...
ကော်ဖီတော့ကျုပ်မကြိုက်ဘူး.....
       ကော်ဖီအမြဲတမ်းသောက်တဲ့....ခင်ဗျားရဲ့နူတ်ခမ်းကိုတော့ ကျုပ်ကြိုက်တယ်..

တခါပဲနမ်းဖူးတဲ့နူမ်ခမ်းလေးကို ဖူးရောင်သွားတဲ့ထိ
နမ်းပ့လိုက်ချင်ရဲ့ဗျာ


3.1.2022💭10:00PM


iF Only 💭Where stories live. Discover now