C - 9

888 118 1
                                    

~ ကဲမဲလီယာ ... ကိုယ့်ရဲ့ကဲမဲလီယာ ~

အခုတလောသူအိမ်သို့ပြန်တိုင်း ကောင်လေးနဲ့အမြဲလိုလိုတွေ့မိနေသည်။ တိုက်ဆိုင်ခြင်းသက်သက်တော့မဟုတ်တန်ရာ။

ဒါဆိုကောင်လေးက သူ့ကိုပြန်ကြိုက်နေတာလား ?

ပိတ်ရက်မှာအားကစားဝတ်စုံဝတ်ပြီး တိုက်တစ်ပတ် , ပတ်ပြေးနေမိတော့သည်။

" ကောင်လေးကသာပြန်ကြိုက်နေခဲ့ရင်ရော ပြန်ကြိုက်နေခဲ့ရင်ရော အား !!"

အတွေးလေးနဲ့တင်တိမ်တွေပေါ် ရောက်သွားသလိုခံစားရသည်။

"အရမ်းတွေတက်ကြွနေတာပဲ နောက်တစ်လမ်းအထိပတ်ပြေးလိုက်ဦးမှ။ "

ရှောင်းကျန့် ဆောင်းရာသီနံနက်ခင်းကြီးထပြေးတယ်ဆိုတာ အရမ်းကိုရှားပါးလှပေသည်။ အခုကတော့အတွေးတွေနဲ့အင်အားအပြည့်လွန်နေလို့ ပတ်ပြေးနေခြင်းဖြစ်လေသည်။

ရှောင်းကျန့်နောက်တစ်လမ်းအထိရောက်လာတော့မှ ပင်ပန်းမှန်းသိတော့သည်။

" ကလေး ဟမ် "

မျက်ဝန်းထောင့်ကနေတွေ့လိုက်ရသည့်ပုံရိပ်ငယ်လေး။ လည်ပိတ်ဆွယ်တာဝတ်ထားပြီး
အပေါ်ကနေကုတ်အထူကြီးဝတ်ထားသည့်ကောင်လေး။

" ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းနေတာပါ "

ရိပေါ်သူ့ကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေတယ်လို့ ခံစားမိတဲ့အတွက်လှည့်ကြည့်မိတော့။

" ကျန့်ကော ?"

အနောက်တွင်ရှိသည့်သူငယ်ချင်းအား အရင်ဝင်ခိုင်းလိုက်ပြီး မေးခွန်းစာရွက်ယူထားခိုင်းလိုက်သည်။ ကိုယ်တိုင်ကတော့ သတိလက်လွတ်ရပ်နေတဲ့လူဆီသို့​ပြေးသွားလိုက်သည်။

" ကလေးကဘယ်လိုဖြစ်လို့
ငါ့ဆီပြေးလာနေတယ်လို့ထင်ရတာလဲ"

"ကျန့်ကော ဘာရပ်လုပ်နေတာလဲ"

တကယ်ကြီးအနားရောက်လာတာ ๏╭╮๏

"မနက်ပိုင်းအပြေးလေ့ကျင့်နေတာ "

တကယ်တော့အခုမှထပြေးတာပါလေ။

ရိပေါ်စကားပြောမည့်အချိန် ကောင်မလေးတစ်ယောက်ကရိပေါ်ကိုလှမ်းခေါ်နေသည်။
တက်ကြွနေတဲ့မျက်နှာကအနည်းငယ်မှိုင်းသွားပေမဲ့လည်း ရှောင်းကျန့်လက်ထဲသို့ပူနွေးသည့်
ပုလင်းတစ်ပုလင်းထည့်ပေးသွားလေသည်။

Camellia , My Camellia [ YIZHAN ] / [COMPLETED] Donde viven las historias. Descúbrelo ahora