တောင်းပန်ပါတယ် နှင်းခဲလေး

399 40 9
                                    

Celebrity's Behind Story သည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်။

... Celebrity's Behind Story ...

 Celebrity's Behind Story

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

Unicode (hee-fei)

ဒီတစ်ခေါက်ကတော့ ကျွန်တော်တို့ဘက်ကို ပရိုဂျူဆာ Zico နဲ့ အကဒါရိုက်တာ ဆွန်းဆောင်းဒေါ့ တို့ test စစ်ဖို့ရောက်လာခဲ့တယ်။အော် ပြီးတော့လေ ဒီတစ်ခေါက် music ဒါရိုက်တာ Pdoggလည်းပါလာခဲ့တယ်။ကျွန်တော်အရမ်း သဘောကျတဲ့ အနုပညာရှင်လည်းဖြစ်သလို စီနီယာလည်းဟုတ်ပါတယ်။အပြင်မှာတွေ့လိုက်ရတော့ဝါး.....လေ့ကျင့်ရလို့မောပန်းနေတဲ့အမောတွေပါပြေပျောက်ကုန်တယ်။ကျွန်တော် အားကျရတဲ့စီနီယာတွေဖြစ်တာကြောင့် ကျွန်တော်အစွမ်းကုန်ကြိုးစားရမယ်

ကလို့ပြီးတဲ့အချိန်မှာတော့ feadbackတွေကလုံးဝကိုဆိုးဆိုးဝါးဝါးပဲ့။ ကျွန်တော့်ကို ဘာလို့ခုန်ရမယ့်နေရာမခုန်လဲလို့မေးတယ်။ အကုန်လုံး ကိုအားနာမိတယ် ကျွန်တော့်ကြောင့်အဆူခံရတယ်။

"ဒီလိုမျိုးရှက်စရာကောင်းတဲ့ဖျော်ဖြေမှုမျိုးဖြစ်စေခဲ့မိလို့ အကုန်လုံးကိုအရမ်းအရမ်းကိုတောင်းပန်ပါတယ် teamwork performanceကို ဘေးဖယ်ထားခဲ့မိတာ အားလုံးကျွန်တော့်အပြစ်တွေကြီးပါ"

စီနီယာတွေပြန်သွားတဲ့အချိန်မှာ ကျွန်တော် အပြင်ထွက်ပြီး အရင်ကျွန်တော်စိတ်ရှုပ်ရင် တစ်ယောက်ထဲ ထိုင်ပြီး ခေါင်းအေးအောင်လုပ်လေ့ရှိတဲ့အပေါ်ထပ်အခန်းထဲ ဝင်လာမိပြန်ပြီ။

ဒီနေ့ ဒုတိယမြောက် test နေ့မှာ ဟီဆွန်း ဟျောင်းစီနီယာတွေဆီက အဆူခံရတယ်။ အများကြီးပဲ့ ဟျောင်းတစ်ယောက်ထဲအဆူခံရတာ။ ဟျောင်းဒီလိုအဆူခံရတာသူ့ကြောင့် ဟျောင်းသူ့ကိုအချိန်ယူပြီးသင်ပေးနေရလို့ ဟျောင်းဒီလိုအဆူခံရတာ ။အကုန်ငါ့ကြောင့် ။ ဆရာတွေပြန်သွားလို့ ဟျောင်းကိုရှာတော့မရှိတော့ဘူး။ ကျွန်တော်သိလိုက်ပြီ ဟျောင်း အပေါ်ထပ်အခန်းထဲရောက်နေပြီဆိုတာ။ ကျွန်တော်လိုက်သွားခဲ့ပေမယ့် အခန်းထဲကစကားပြောတဲ့အသံတွေကြောင့် အထဲမဝင်ဘဲနေနေလိုက်တယ်။

𝐂𝐞𝐥𝐞𝐛𝐫𝐢𝐭𝐲❜𝐬 𝐁𝐞𝐡𝐢𝐧𝐝 𝐒𝐭𝐨𝐫𝐲 || heehoonWo Geschichten leben. Entdecke jetzt