Celebrity's Behind Story သည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်သည်။
... Celebrity's Behind Story ...
Unicode (hee-fei)
အခုတလော ဆောင်ဟွန်း သူဆီမလာတာကြာပြီ။ နှစ်ရက်လောက် ရှိတော့မယ် ထင်တယ်။ ကျွန်တော်လည်း Geonu နဲ့ပဲ့ အချိန်ပြည့် လေ့ကျင့်ဖြစ်နေတော့ နှင်းခဲလေးကိုတောင် အချိန်မပေးဖြစ်။ ဒါပေမယ့် ကျွန်တော် သတင်းတွေ ကြားနေရပါတယ်။ သူ့ချင်းဂုတွေနဲ့ အချိန်ကုန်နေတယ်ဆိုတာ။ ကောက်းပါတယ်လေ သူငယ်ချင်းတွေရှိတော့ သူ့အတွက် အားမငယ်တော့ဘူးပေါ့။
ဒီနေ့လည်း ကျွန်တော် Geonu နဲ့ပဲ့တစ်နေကုန်အချိန်ကုန်သွားတယ်။test နေ့ကရောက်တော့မယ် အခုထိ အသံကို အားမရသေး။ ကျွန်တော်လေ့ကျင့်တာ အကြိမ်ပေါင်းရေတွက်ထားလို့တောင်မနိုင်တော့ဘူး။ ကြာလာရင် ကျွန်တော် အသံဝင်ဖို့ပဲ့ ကျန်ပြီ။ ဒါပေမယ့် ကျွန်တော် ရပ်မှာမဟုတ်ဘူး။ ကျွန်တော့ကို ယုံကြည်ပြီး ထောက်ခံပေးထားတဲ့ သူတွေအတွက် ကျွန်နော် အကောင်းဆုံး ကြိုးစားရမယ်။ အကောင်းဆုံး လုပ်ပြနိုင်ရမယ်။
ညစာစားချိန်ရောက်တော့လည်း နှင်းခဲလေးကို မတွေ့ရဘူး။ ဘယ်အချိန်ကတည်းက စားပြီးထွက်သွားပြီလဲမသိဘူး။အခုညမှ ကျွန်တော် နှင်းခဲလေးကို တွေ့ချင်နေတယ်။ တွေ့ပြီး စကားတွေ အများကြီးပြောချင်နေတယ်။ အိပ်ယာပေါ်မှာ လှဲနေရင်းနဲ့ နှင်းခဲလေးဆီ သွားသင့်မသွားသင့် အချိန်အကြာကြီး စဥ်းစားနေမိတယ်။
" မသိဘူးကွာ...တွေ့ချင်နေတာပဲ့သိတယ် သွားမယ်"
ကျွန်တော် အိပ်ရာပေါ်ကထပြီး အပြင်ထွက်မလို့လုပ်တော့ ဂျောင်ဝန်းက ကျွန်တော့်ကို မြင်ပြီး " ဟီဆွန်း ဟျောင်း ဘယ်သွားမလို့လဲ အပြင်မှာအေးတယ်လေ အပြင်ထပ် ဝတ်သွားအုံး ဝျောင်းက test နီးနေပြီ ဂရုစိုက်အုံး"
KAMU SEDANG MEMBACA
𝐂𝐞𝐥𝐞𝐛𝐫𝐢𝐭𝐲❜𝐬 𝐁𝐞𝐡𝐢𝐧𝐝 𝐒𝐭𝐨𝐫𝐲 || heehoon
Romansa𝑾𝒆 𝒂𝒓𝒆 𝒃𝒐𝒕𝒉 𝒊𝒅𝒐𝒍𝒔, 𝒃𝒖𝒕 𝒊𝒏 𝒐𝒓𝒅𝒊𝒏𝒂𝒓𝒚 𝒍𝒊𝒇𝒆 𝒘𝒆 𝒂𝒓𝒆 𝒃𝒐𝒕𝒉 𝒐𝒓𝒅𝒊𝒏𝒂𝒓𝒚 𝒑𝒆𝒐𝒑𝒍𝒆