Part...1

1.6K 67 9
                                    

For Unicode

ကျောင်းပိတ်ရက်ဖြစ်လို့ တက်ကြွတဲ့ခြေလှမ်းတွေနဲ့အတူ တိုက်ခန်းတစ်ခန်းဆီသို့ ဦးတည်သွားနေတဲ့ ရှားဆိုသည့်ကောင်မလေးတစ်ယောက်။ဦးတည်ရာသို့​ရောက်သည်နှင့်
စူးရှတဲ့အသံလေးတွေက အလိုလိုထွက်ပေါ်လာသည်။

"မမနဲ့လွန်းရေ ရှားလာ..."

လူမရောက်ခင်အသံကအရင်ရောက်နေတဲ့ရှားက သူရောက်ကြောင်း အသံလှမ်းပေးနေသည်။ဧည့်ခန်းထဲမှာရှိသည့် ဧည့်သည်တွေနဲ့ လူကြီးတွေကိုမြင်မှ ပါးစပ်လေးကိုပိတ်ကာ ငြိမ်သွားသည့်ပုံက ဖြူစင်စွာ။

"သမီးလေးရှား လွန်းကအခန်းထဲမှာရှိတယ်နော်..."

လွန်းနဲ့မမတို့အဖေရဲ့စကားကြောင့် ရှား လွန်းအခန်းထဲကိုသာ သွားလိုက်သည်။

လွန်းဆိုတာ ရှား၏အချစ်ဆုံးသူငယ်ချင်း လှလွန်းမေပင်။မမဆိုတာကတော့ လွန်းရဲ့တစ်ဦးတည်းသောအစ်မ ညှို့လွန်းမေ...ရှားအတွက်လည်း အရမ်းချစ်ရတဲ့လူပေါ့။

"လွန်း ဘယ်ကဧည့်သည်တွေရောက်နေတာလဲ...ဟိုအစ်ကိုကြီးက ချောတယ်တော့...ခန့်ချောကြီး ဟိဟိ"

အခန်းတံခါးကိုစေ့ကာ လွန်းအားစပ်စုရင်း တွေ့ခဲ့ရသည့်လူအား ချီးကျူးနေမိသည်။

"အမယ်လေး နင့်ရဲ့ ဘုန်းထက်ရန်နိုင်လောက်ချောလား..."

ရှားရဲ့စကားကို နောက်ပြောင်လာတဲ့လွန်းကြောင့် ရှားရယ်လိုက်မိသည်။လွန်းက နင့်ရည်းစားကိုမှီရဲ့လားဆိုတဲ့ ပုံစံမျိုးလာပြောနေခြင်းပင်။

"အတည်မေးနေတာပါ သူကဘယ်သူကြီးလဲ"

"အဲ့ဒါက အစ်မနဲ့လူကြီးချင်းစေ့စပ်ထားတဲ့လူလေ...အခု သူတို့မိသားစုက ရန်ကုန်ရောက်တုန်း ဖေဖေနဲ့မမကိုလာတွေ့ကြတာ..နင်ပြောတဲ့ အဲ့ဒီအစ်ကိုကြီးကတော့ ဒီမှာပဲနေတာ...သူ့အလုပ်ကဒီမှာပဲမလို့တဲ့"

လွန်းရဲ့စကားတွေဟာ ရှားနားထဲ ဝင်တစ်ချက်၊မဝင်တစ်ချက်။ရှား ဘာကိုမှအာရုံမစိုက်နိုင်တော့။သူ့စိတ်ထဲကြီးစိုးနေတာက 'အစ်မနဲ့လူကြီးချင်းစေ့စပ်ထားတဲ့လူ'ဆိုတဲ့စကားသာ။ဘာလဲ...ရှားအဖြစ်က မစတင်ခင်ကတည်းက အဆုံးသတ်သွားတာလား။

ဓူဝံကြယ်(Completed)Where stories live. Discover now