Part4

439 35 0
                                    

For Unicode

"လာ..ဝင်သမီး"

"ဦးလေး သမီး လွန်းကိုမုန့်စားရအောင်လာခေါ်တာ"

ကျောင်းပိတ်ရက် လွန်းနဲ့အတူ မုန့်စားသွားရန် လွန်းအိမ်ကိုလာတော့ လွန်းရဲ့ဖေဖေမှာ တံခါးလေးကိုဖွင့်ပေးရင်း အပြုံးချိုချိုလေးနဲ့နှုတ်ဆက်ပေးပါသည်။

"သမီးသူငယ်ချင်းက fresher welcomeအတွက်ဆိုလား အကလေ့ကျင့်ဖို့ မနက်ကတည်းကထွက်သွားတယ်လေ...အိမ်မှာတော့ ဦးလေးနဲ့ သမီးမမပဲရှိတယ်"

"မမ...မမဆိုတာ တီချယ့်ကိုပြောတာလားဟင်"

လွန်းကအိမ်မှာမရှိဘူးဟုဆိုတာကြောင့်
ရှားမျက်နှာရှုံလိုက်မိသော်ငြား ဦးလေးရဲ့ မမဆိုသည့် နာမည်စားကြောင့် ပြန်လည်ကာပြုံးလိုက်မိပါသည်။မမဟုသံယောင်လိုက်ကာခေါ်ရင်း သေချာအောင်မေးလိုက်မိသေးသည်။

"အကြီးမ ညှို့လွန်းမေကိုပြောတာလေ သမီးရဲ့"

"မမ...မမ ဟီးဟီး ကြိုက်တယ် မမလို့ခေါ်တာကို...ဦးလေး ဒါဆိုသမီး မမကို မုန့်သွားစားဖို့ခေါ်ကြည့်မယ်နော် အကယ်၍မမကငြင်းရင် ဦးလေးကကူပြောပေးမယ်မလား"

အလည်လေးရှားက တစ်ခါတည်းချည်ပြီးတုတ်ပြီးပြောလာတာကြောင့် လွန်းဖေဖေဟာ သဘောအကျကြီးကျနေလေရဲ့။

အပြင်ကအသံတွေကြားတာကြောင့် ကိုယ့်ဧည့်သည်များရောက်လာတာလားဆိုပြီး အခန်းပြင်ထွက်လာတဲ့ ညှို့။အသံစာစာလေးကြောင့် အပြင်မထွက်ဘဲ အကွယ်တစ်နေရာကနေနားထောင်နေမိလို့ ဖေဖေနဲ့ကောင်မလေးရဲ့စကားတွေကို အကုန်ကြားပါသည်။သို့သော် ထိုကောင်မလေးဘယ်လိုများ ပူဆာလာမလဲသိချင်တာကြောင့် ခပ်တည်တည်နဲ့ပဲ အခန်းထဲကိုပြန်ဝင်ကာ မျက်မှန်လေးတပ်ရင်းစာအုပ်လေးချပြီး စာစစ်နေလိုက်သည်။

မကြာပါဘူး...အခန်းတံခါးအားတဒေါက်ဒေါက်ခေါက်လာတာကြောင့် ဝင်လာခဲ့ဖို့ အသံပြုလိုက်တော့ ချစ်စဖွယ်မျက်နှာလေးနဲ့အတူ အခန်းထဲဝင်လာတဲ့ရှား။

"တီချယ်...အားလားဟင်"

မျက်မှန်အောက်ကနေ ကျော်ကြည့်လာတဲ့ မမအကြည့်တွေကြောင့် ရှားကျောတွေတောင် စိမ့်ကနဲ။

ဓူဝံကြယ်(Completed)Where stories live. Discover now