Part6

442 35 0
                                    

For Unicode

နောက်နေ့မနက် ဆယ်တန်းကလေးတွေစာသင်ပြီးချိန် မနက်ဆယ်နာရီလောက် ညှို့
ရှားတို့အိမ်ကို မုန့်ထုပ်တွေနဲ့အတူသွားခဲ့ပါသည်။တစ်ခါတည်းရောက်ဖူးပေမဲ့ မှတ်မိနေတာကြောင့် တော်သေးသည်။

ရှားကြိုက်တဲ့ ချောကလက်ကိတ်နဲ့အတူ သောက်စရာတစ်ချို့ပါဝယ်လာတာကြောင့် ရှားကတော့ပျော်နေလေရဲ့။မမရှားဆီလာလည်လို့ အရမ်းပျော်တာပဲဆိုပြီးတော့လည်း ခနခနပြောနေသေးသည်။

ရှားက သူ့အခန်းထဲကိုလိုက်ပြနေတာကြောင့် စိတ်ကျေနပ်အောင် ကြည့်ပေးနေရသည်။နောက်အတန်းချိန်ရှိသေးတာကြောင့် နှုတ်ဆက်လိုက်တော့ စိတ်မကောင်းဖြစ်သွားဟန်ရှိပေမဲ့ မျက်နှာထားကိုထိန်းကာ ပြုံးပြပြီးနှုက်ဆက်နေတဲ့ရှားက တစ်ခါတစ်ရံကျ လူကြီးလေးတစ်ယောက်လို။

ရှားနဲ့ညှို့အဆင်ပြေသွားပြီးနောက်ပိုင်း ရှားက ညှို့ကို အတော်ကိုဂရုစိုက်ပေးလာသည်။
သူ့စိတ်ထဲ ညှို့ကသူရည်းစားရသွားလို့ စိတ်မကောင်းဖြစ်သွားတယ် ထင်နေတာလားမသိ။

{ဒီနေ့ သင်္ချာဆရာမ မလာလို့ အားနေတယ်မမရေ...အခု canteenကိုရောက်နေတာ...မမစားချင်တာရှိလား...ရှားဝယ်ပြီး လာပို့ပေးမယ်...လွန်းလည်းရှိတယ် ဘေးမှာ...သူတို့လည်းအားနေလို့တဲ့}

ရုံးခန်းထဲမှာ အလုပ်လုပ်နေချိန် ရှားဆီကစာဝင်လာတာကြောင့် ညှို့ကြည့်လိုက်မိတော့ အလိုက်သိလွန်းတဲ့ကောင်မလေးကြောင့် အချစ်ပိုရပြန်ပါသည်။

{ရတယ်ရှား...မမ ဗိုက်မဆာသေးဘူး...အခုအလုပ်လုပ်နေတာလေ...နောက်မှစကားပြောရအောင်နော်}

{ဟုတ်မမ...ဒါဆို ရှားမနှောင့်ယှက်တော့ဘူးနော်...တာ့တာပါ}

{တာ့တာပါ ရှားရေ}

ညှို့စကားဆိုလွန်ဆန်လေ့မရှိတဲ့ရှားက တစ်ခွန်းဆိုတစ်ခွန်း နားထောင်လေသည်။

ညှို့ဖုန်းလေးကိုချကာ အလုပ်လုပ်မယ်လုပ်တော့...ရှားဆီကစာလေးတစ်စောင်ထပ်ဝင်လာပြန်သည်။ချစ်စရာကောင်းလွန်းတဲ့စာလေးပေါ့။နှုတ်ခမ်းဆူနေတဲ့ Emojiလေးကပါသေးသည်။

ဓူဝံကြယ်(Completed)Where stories live. Discover now