ဆောင်းဟွန်း ဘာဖြစ်နေမှန်း ဂျေးလည်း စဉ်းစားမရ။ နောက်တော့မှ တစ်ခုကို စဉ်းစားလိုက်တော့မှ စိတ်ကနည်းနည်းဖြေသာသွားသည်။
ဆောင်းဟွန်းက သရုပ်ဆောင်ဘဲ မဟုတ်လား။ အနုပညာ လောကထဲက ထွက်လိုက်ပေမယ့် သူသဘောကျတဲ့ အလုပ်မဟုတ်လား။ အဲ့တာကြောင့် ဒီတိုင်း သရုပ်ဆောင်နေတာဘဲ ဖြစ်မှာပါလို့ တွေးလိုက်တော့မှ စိတ်ဖြေသာသွားသည်။
" ဂျေး "
ဆောင်းဟွန်းရဲ့ ခေါ်သံကြောင့် အနည်းငယ် လန့်ကာ ခန္ဓာကိုယ်လေးမှာ တုန်တက်သွားသည်။
" ဘာဖြစ်လို့တုန်း မကြောက်ပါနဲ့ ငါဘာမှ မလုပ်ပါဘူး "
ဆောင်းဟွန်းကို လှည့်ကြည့်မိတော့ သူ့ကို အိမ်ကို လာခေါ်တုနိူက မျက်နှာကျောမဟုတ်ဘဲ နူးညံ့သလိုလိုနဲ့ အားပျော့နေသလို မျက်နှာထားဖြစ်နေသည်။
ဂျေးလည်း ဆောင်းဟွန်း ဘာတွေဖြစ်နေတာလဲ။ နားမလည်နိုင်တော့ချေ။ အလုပ်တွေဘဲ အရမ်းဖိလုပ်မိလို့ သူဘဲ အမြင်မှားပြီး ထင်ချင်ရာ ထင်နေတာလား??
" ဘာမှမဟုတ်ဘူး ငါရေချိုးတော့မယ် "
ဆောင်းဟွန်း လက်ထဲက သပတ်ကို ဆွဲယူကာ ရေချိုးခန်းထဲ ဝင်သွားသည်။
ပြီးတော့ မှန်ရှေ့မှာ ရပ်ကာ သူ့ပုံရိပ်သူ ကြည့်နေမိသည်။
အခု ဆောင်းဟွန်းနဲ့ သူနဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကလို တူတူပြန်နေနေကြပြီ။ ဆောင်းဟွန်းရှေ့ရောက်သွားရင် ခုန်လာသည့် နှလုံးသားကြောင့် စိတ်မောရပြန်သည်။
မချစ်ချင်ဘူး။ လုံးဝဘဲ။ နာကျင်ရမှာ ကြောက်တယ် အရမ်းကြောက်တယ်။
ရေချိုးခန်းက ပြန်ထွက်လာတော့ ဝရံတာမှာ ဆေးလိပ်သောက်နေတဲ့ ဆောင်းဟွန်းကို တွေ့လိုက်တော့ မျက်ခုံးတွေရှုံသွားမိသည်။
အရွယ်ရောက်ပြီးသား ယောကျာ်းလေးတစ်ယောက်အတွက် ဆေးလိပ်သောက်တာက ဘာမှ မထူးဆန်းပေမယ့် အရင်က ဆောင်းဟွန်း က ဆေးလိပ်သောက်တက်တဲ့သူမဟုတ်ပါဘူး။
ဂျေးလည်း ဆောင်းဟွန်းကို ဘာမှ ပြောမနေတော့ဘဲ ကုတင်မှာသာ ဝင်အိပ်လိုက်တော့သည်။