7

337 19 0
                                    

လွန်ခဲ့သော 5 နှစ်

" သား ဂျေးကို သွားကြိုပေးမလား "

မိုးအရမ်းရွှာနေတာကြောင့် ဆောင်းဟွန်းရဲ့အမေက ဂျေးကို သွားကြိုခိုင်းသည်။

ဆောင်းဟွန်းမိဘတွေ ကုမ္ပဏီနဲ့ ဂျေးတို့ ကုမ္ပဏီက ကုမ္ပဏီတစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာကြောင့် လက်မှတ်ထိုးစရာ စာချုပ်တွေ ကျန်နေခဲ့တာကြောင့် ဂျေးက ကိုယ်စားပြန်ပြီးသွားယူတာ ဖြစ်သည်။

ဒါပေမယ့် တက္ကစီနဲ့ သွားတဲ့ ဂျေးက ဒီလို မိုးကြီးနေတဲ့ အချိန် တက္ကစီ စီးမယ်ဆို ပြန်လာတဲ့ အချိန်မိုးမိပြီး ဖျားမှာဆိုးတာနဲ့ သားဖြစ်သူ ရိုက်ကွင်းက ပြန်လာရင်း ဂျေးကို ဝင်ကြိုဖို့ ပြောလိုက်သည်။

ထိုနေ့ကလည်း မုန်တိုင်းကြေညာချကိ ထုတ်ပြန်ထားတော့ မိုးကလည်း အရင်ရွှာတာထက် ပိုပြီး မိုးကြီးနေသည်။

ကားမောင်းနေရင်းး အရှေ့ကို လုံးဝမမြင်ရချေ။

လူကူးမျဉ်းကြား အရောက်မှာ လူတစ်ယောက်က ဖြတ်‌ေပြးလာပြီး ဆောင်းဟွန်းရဲ့ ကားရှေ့ကို ရုတ်တရက်ရောက်လာတာကြောင့် ရှောင်လိုက်တော့ လမ်းစလစ် ဖြစ်ကာ ပလတ်ဖောင်းနဲ့ တိုက်မိသွားသည်။

နဖူးလောက်ဘဲ ကွဲသွားသည် ဆိုပေမယ့် အရှိန်ကပြင်းတာကြောင့် သတိမေ့သွားခဲ့သည်။













" သားရေ ဆောင်းဟွန်း သားကို လာကြိုရင်း လမ်းမှာ မတော်တဆ ဖြစ်လို့တဲ့ ××× ဆေးရုံကို လာလိုက်ခဲ့လိုက် "

အမေဖုန်းထဲက ပြောသည့် စကားကြောင့် မိုးရေကို ဂရုမစိုက်ဘဲ စာချုပ်တွေကို ရေမစိုအောင်သာ အကျီထဲသေချာထည့်ပြီး မိုးရေထဲ တက္ကစီ ထွက်ငှားသည်။

မိုးရွှာနေလို့လား မသိ သူတားကို တစ်စီးမှ မရပ်ပေး။ မိုးရေထိမိတာနဲ့ ဖျားတက်တဲ့ ဂျေးက ဒီတစ်ခါတော့ မိူးရေထဲ အချိန်တော်တော်ကြာရပ်နေသည်။

ကားတားနေပေမယ့် စိတ်က ဆောင်းဟွန်း ဆီကိုရောက်နေပြီး ဆောင်းဟွန်းနားကို မြန်မြန် ရောက်သွားချင်တဲ့ စိတ်က များနေသည်။

တီ~~ တီ ~~ တီ

မိုးရေထဲ ရပ်‌ေနေသည့် သူ့ရဲ့အရှေ့ကို ကားတစ်စီးရောက်လာသည်။ မှန်တင်ထားတာကြောင့် ဘယ်သူဘယ်ဝါရဲ့ကားဖြစ်တယ်ဆိုတာကို မသိချေ။

M.I.N.EWhere stories live. Discover now