"Morning Jinရေ"
"Morning Hobi"
"မင်းအခုအပြင်သွားမလို့လားအစောကြီးလေ"
"အင်းလေ ဘာလို့လဲ ညကငါပြောတယ်လေ"
"သွားပါရော့ဒီမှာမင်းအကြိုက်ပေါင်မုန့်ကြက်ဥကြော်"
"အားး စားကောင်းတယ် ကျေးဇူးပဲ"
"ရပီသွားတော့"
"သွားမှာပါ ဟွန့်"
"Hobiကိုနှုတ်ဆက်ပီးအပြင်ထွက်လာခဲ့တယ် ပြတိုက်အဟောင်းကြီးကိုသွားတာပါ"
ညထဲကပါးချိုင့်နဲ့လူကြီးနဲ့ကိုယ့်ကိုသမိုင်းထဲမှာရှာပါဆိုတဲ့စကားကခေါင်းထဲကမထွက်ဖူးဖစ်နေတာ အာ့ကြောင့်ပြတိုက်အဟောင်းကြီးကိုသွားကြည့်မလို့....
ပျက်ဆီးနေတဲ့ပြတိုက်အဟောင်းကြီးရှေ့ကိုကားလေးရပ်လိုက်သည်အကုန်လုံးကပျက်ဆီးနေပေမယ့်အခန်းလေးတစ်ခန်းကအကောင်းတိုင်းရှိနေသည်.......
သိချင်စိတ်နဲ့အခန်းလေးထဲဝင်သွားလိုက်တော့ ပါးချိုင့်နဲ့လူကြီးပုံနဲ့ဘေးကပုံတစ်ပုံ.......
"ဟားးး ခဗျားရီးနော် ဘာတဲ့Kim Nam Joonဆိုတဲ့ခဗျားကကျနော့လိုWWH Jinကိုစွဲလမ်းအောင်လုပ်နိုင်တာပဲ ဘာတဲ့သမိုင်းထဲမှာရှာပါတဲ့လားမသိရင်ငါ့ဖို့စာချန်ခဲ့တဲ့အတိုင်းပဲဟားဟား"
"ဘာလဲငါအခုဓာတ်ပုံတစ်ပုံနဲ့စကားပြောနေတာလား ကြောင်တာပဲJinရေ"
ရီနေရင်းဘေးကဓာတ်ပုံကိုသတိထားမိသွားသည်
1988လောက်ကလူနေအိမ်နဲ့လမ်းမကြီးတေရဲ့ပုံလေးဖစ်သည်....
ကျနော့်စိတ်ထင်မမှားဘူးဆိုရင်ပုံထဲကလူတေကလှုပ်နေသလိုပဲ
သိချင်စိတ်နဲ့ရှေ့တိုးပီးလက်နဲ့ထိကြည့်လိုက်တော့တစုံတခုကဆွဲယူတာခံလိုက်ရပီးလောကကြီးနဲ့ခဏတာအဆက်ပြက်သွားသည်
×××××××××××××××××××××××
"သားJinလူလေးထတော့လေကွယ်နေမြင့်နေပီအချိန်ဖြင့်တစ်ချက်ထိုးတော့မယ်မထသေးဘူးလားကွယ့်"
"အာommaကလဲသားအိပ်ချင်သေးတယ်"
"အော်ဒီကောင်လေးနဲ့ကိုယ့်အမေကိုယ်ဘယ်လိုတေခေါ်နေတာတုန်း"
"ဖေကြီးရေတော့်သားကိုလာနှိုးအုံး"
"လူလေးJinထတော့လေသားရဲ့ခရီးသွားချိန်ကနီးနေပီ"
"အာAppaကလဲသားမနေ့ကမှရောက် ဟင် ဘာ!"
Jinနိုးလာပီးအကုန်လုံးကိုနားမလည်နိုင်စွာကြည့်နေသည်..........
"Appa Ommaဘာတေဝတ်ထားတာလဲ"
"အော်ဟဲ့ ဒီကောင်လေးနိုင်ငံရေးတွေမကောင်းရတဲ့ကြားထဲဘာတေပြောနေတာတုန်း ဖေကြီးရေရှင့်သားကိုရှင့်ဘာရှင်ထိန်းတော့"
"ကဲလူလေးရေချိုးတော့ခနနေလေ့ကျင့်ရေးစခန်းကိုပြောင်းနေရမှာ"
"ငါ ငါဘယ်ရောက်နေတာလဲHobiရေကယ်ပါ ဗြဲးးးးးးးးးး"
"အော်ဟဲ့ဒီကောင်လေးအာပြဲကြီးနဲ့အော်ငိုနေတယ် ခက်တာပဲ"
"ဒီနေ့ဒီနေ့ဘာနေ့လဲဟင်အမေ"
"1ရက်နေ့8လပိုင်း1988လေ လူလေးရဲ့"
ငါရုပ်ချောလွန်းလို့ကြောင်သွားတာလား ဘာလဲဟ ငါဓာတ်ပုံထဲဝင်သွားတာလား..........
__________________________
Korea nameတေနဲ့မြန်မာလိုတေပြောနေရတာဖတ်တဲ့သူတော့မသိဘူးကျမတော့ခေါင်းကိုက်နေပီ😑✌️ဖတ်တဲ့လူရောရှိလားဟင်😰😨
#lunafromhope
YOU ARE READING
Lover In History(သမိုင်းထဲကချစ်သူ)
Fantasy"ဒီတော်လှန်ပွဲကြီးပီးတဲ့အခါ ကိုယ်တို့လက်ထပ်ကြမယ်နော် တကယ်လို့ဒီတော်လှန်ရေးမှာကိုယ့်အသက်ကိုပေးသွားခဲ့ရရင်တောင် ကိုယ့်ကိုမေ့ပစ်ပီးပျော်ပျော်နေပါနော်။ #မင်းချစ်တဲ့Namjoon" Jinဆီကိုရောက်လာတဲ့စာလေးတစ်စောင်........ "ဟင့်အင်း Namjoonမရှိရင်Jinလဲအသက်မရှင်နိ...