(2)- (uni)

301 21 2
                                    

မင်းနဲ့မှ ချစ်တတ်ပြီ... EP (2)

ရှောင်ကျန့် အားကုန်သုံးလို့ လက်ပြန်ရိုက်ချလိုက်သူမှာ Rose ဆိုတဲ့ မိန်းမကိုပင်.....။

သူမက အောက်သို့ပုံကျသွားကာ မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ လူကြီးကို မော့်ကြည့်နေလေတယ်။ လူကြီးလက်စ ကြောင့် သူမပါးက ချက်ခြင်းရဲတတ်လာကာ နုတ်ခမ်းတောင့်မှာလဲ သွေးစတွေကျနေသေးတယ်....။ အိုက်...ယား... လူကြီးကရုပ်ချောသလောက် ကြောက်စရာပဲ....

Rose...... Dar... Darling .... ဘာလို့...

သူမစကားတို့ဆက်မပြောနိုင်အောင် ရှောင်ကျန့် သူမလည်ပင်းက အကျီစကိုဆွဲကာ မတ်တပ်ရပ်စေလိုက်တယ်....

XZ....... ပေး....

Rose..... ဘာ... ဘာကိုလဲ...

XZ........ ငါ သောက်စကားတွေအများကြီးပြောရမှာပျင်းတယ်...။ ခုပေး....။

ထိုအခါ သူမက သူ့ရင်ဘတ်ထဲက USB လေးကို တုန်ယင်နေသောလက်တွေနဲ့ ထုတ်လာပေးလေတယ်...။

ရှောင်ကျန့် ဟက်ခနဲရီကာ သူရိုက်ထားတဲ့ သူမပါးပြင်လေးကို ခပ်ဖွဖွပွတ်ပေးနေလေတယ်....။

XZ........ ဘယ်သူ ခိုင်းတာလဲ....။ ဘယ်လောက်ရလို့လဲ.....။

Rose...... ကျမတောင်းပန်ပါတယ်...။ ကျမ မလွဲသာလို့ လုပ်ရတာပါ...။YG ဥက္ကဌက ကျမ မိသားစုနဲ့ခြိမ်းခြောက်လို့ပါ...။

ရှောင်ကျန့် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေလေတယ်။မဲ့ပြုံးပြုံးကာ...

XZ....... ဟွန့်.... ထင်သားပဲ ။ အဲ့သေခါနီး အဖိုးကြီးလက်ချက်ဆိုတာ...။

ရှောင်ကျန့် ရိပ်မိပြီးသားပါ...။ သူမအမှန်တိုင်းပြောအောင်လဲ တမင်ဇတ်လမ်းဆင်ခဲ့လေတာ..။ ထင်တဲ့အတိုင်း မလွဲဘူးပဲ ။ YG က အဖိုးကြီးက ရှောင်ကျန့်နဲ့ ပြိုင်ဘက်တွေ ဖြစ်တာကြောင့် ခုလို လုပ်ငန်းရဲ့ အတွင်းရေးတွေကို ခိုးယူ ခိုင်းခြင်းဖြစ်ပါလိမ့်မယ်။

ရှောင်ကျန့်သူမအားသနားသောအားဖြင့် တရားမစွဲဘူးဟုဆိုကာ ပြန်လွတ်လိုက်လေတယ်....။

...

ခုမှ သတိပြန်ရတယ် ချာတိတ်က တစ်ချိန်လုံး မလုပ် မယှက်သာ ရပ်နေလေတယ်။

မင်းနဲ့မှ ချစ်တတ်ပြီ Where stories live. Discover now